မစားဘူးသေးရင် လုပ်စားကြည့်ဖို့ #ကြက်ဥကင် လုပ်နည်းလေး Save😋😋
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၁၀လုံး
- ဆားအနည်းငယ်
- ကြက်သားမှုန့် (အရသာမှုန့်)
- ငရုတ်ကောင်းမှုန့်
- ခရုဆီ
-ပဲငံပြာရည်အကြည်
ပထမအဆင့် ကြက်ဥများကို သေချာသန့်စင်ပြီး အပေါက်လေးဖောက်ကာအထဲမှအကာအနှစ်များကိုထုတ်ပေးပါ
ဒုတိယအဆင့် ကြက်ဥအနှစ်တွေထဲပါဝင်ပစ္စည်းများထည့်ပြီး မွှေလိုက်ပါ
တတိယအဆင့် မွှေထားသောကြက်ဥအနှစ်များကိုဇကာနဲ့ပြန်စစ်ပေးပါ
စတုတ္ထအဆင့်ကြက်ဥဖောက်ထားတဲ့အပေါက်ကနေတဆင့် စစ်ထားတဲ့ကြက်ဥအရည်တွေကို ပြည့်ဖို့လက်တစ်ဆစ်အလိုအထိ ပြန်ထည့်ပေးပါ
ပဉ္စမအဆင့် မီးပူပူတည်ထားတဲ့ ပေါင်းအိုးထဲ ထည့်ပြီးမိနစ်၃၀ခန့်ပေါင်းပါ (အိုးလေးကိုအနည်းငယ်ဟထားရန်) အပူရှိန်တအားများလာရင် ကြက်ဥများမကွဲရန်မီးလျော့ပြီး အဖုံးကိုခနခနဖွင့်ပေးပါ
အထဲကကြက်ဥအနှစ်လေးမာလာပြီဆိုမီးဖိုးပေါ်ကချပြီးအအေးခံထားပါ
နောက်ဆုံးအဆင့် အအေးခံထားသောကြက်ဥပေါင်းလေးတွေကို မီးအေးအေးလေးနဲ့အနံ့လေးမွှေးလာသည်အထိကင်ပေးပါ ကြက်ဥကင်လေးတွေရလာပါက မိမိနှစ်သက်တဲ့အချဉ်ရည်နဲ့တွဲဖက်စားသုံးလို့ရပါပြီရှင့်
စားကောင်းကြပါစေ❤️
