1 ပတ် - ဘာသာပြန်ပါ။

လောကမှာ ဖုံးကွယ်လို့မရတဲ့အရာ{၃}ခု
၁။ ပညာမတတ်တာ ။
၂။ ဆင်းရဲတာ နဲ့
၃။ ချစ်တာပါ ။
ဒီသုံးခုက ဖုံးကွယ်လေလေ
ပေါ်လွင်လေပါ....။
လောကမှာ လက်မလွှတ်သင့်တဲ့အရာ
{၃}ခု
၁။ ယုံကြည်မှု ။
၂။ မျှော်လင့်ချက်နဲ့
၃။ ရိုးသားမှုပါ ။
လက်လွှတ်လေ နောင်တရတတ်လေမို့ပါ
လောကမှာ ဆိုင်းငံ့ထားလို့မရတဲ့
အရာ{၃}ခု
၁။ အသက် ။
၂။ အချိန် နဲ့
၃။ ချစ်ခြင်းပါ ။
ဆိုင်းငံ့လေ ဝေးကွာသွားတတ်လို့ပါ
လောကမှာ ဆောင်ထားရမဲ့အရာ{၃}ခု
၁။ လေးစားမှု ။
၂။ ရိုးဖြောင့်မှု နဲ့
၃။ ခင်မင်ဖော်ရွေမှုပါ ။
ဆောင်ထားလေ
နောင်တကင်းလေမို့ပါ။
လောကမှာ နောက်ကိုမရွှေ့သင့်တဲ့
အရာ{၃}ခု
၁။ အလှူအတန်း ။
၂။ မိဘကိုကျေးဇူးဆပ်ခြင်းနဲ့
၃။ ချစ်ခြင်းပါ
နောက်ကိုရွှေ့လေ နောင်တရလေမို့ပါ။

image