#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ယူကရိန်းနိုင်ငံ ပိုခရော့ဗ်မြို့အနီး ရုရှားနိုင်ငံ စစ်အင်အားစုစည်း
ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှ မဟာဗျူဟာမြောက်မြို့တစ်မြို့ဖြစ် သည့်ပိုခရော့ဗ်မြို့အနီးတွင် ရုရှားနိုင်ငံက စစ်အင်အား ၁၁၀၀၀၀ အထိစုစည်းထားကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က ဇွန် ၂၇ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
ပိုခရော့ဗ်မြို့ပတ်ဝန်းကျင်နယ်မြေသည် ၇၄၅ မိုင်ရှည်လျားသော ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းမျဉ်းတစ်လျှောက် စစ်ရေးအတင်းမာဆုံး နယ်မြေဖြစ်လာကြောင်း ယူကရိန်းစစ်ဦးစီးချုပ် အလက်ဇန်းဒါးဆီရာစကီးက သုံးသပ်ထားသည်။
ရုရှားနိုင်ငံသည် ပိုခရော့ဗ်မြို့ကိုသိမ်းပိုက်ရေးအတွက် တစ်နှစ်နီး ပါးကြာမျှကြိုးပမ်းခဲ့သော်လည်း လူအင်အား၊ လက်နက်အင်အား သာနေသည့်တိုင် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေ။
ယူကရိန်းအရှေ့ပိုင်း ဒွန်းနက်ဒေသနှင့် လူးဟန့်ဒေသနှစ်ခုစလုံးကို အပြည့်အဝသိမ်းပိုက်ရန် ရည်မှန်းထားကြောင်း ရုရှားသမ္မတပူတင်က ပြောကြားထားရာ ပိုခရော့ဗ်မြို့သည်လည်း ရုရှားတပ်များ၏ မဟာဗျူဟာမြောက်ပစ်မှတ်ဖြစ်လာခဲ့ရသည်။
ပိုခရော့ဗ်မြို့သည် ယူကရိန်းအရှေ့ပိုင်းရှိ အခြားစစ်ရေးအချက် အချာများနှင့် ချိတ်ဆက်ထားသောကားလမ်းနှင့် ရထားလမ်း အဓိကထောက်ပံ့ရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေသော မြို့ဖြစ်ပြီး ယူကရိန်း၏ ဒွန်းနက်ဒေသခံစစ်အတွက် အရေးပါသောမြို့လည်းဖြစ်သည်။
ယူကရိန်းနယ်မြေများကို ရုရှားတပ်များ ပိုမိုသိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် ယူကရိန်းစစ်ပွဲပြီးဆုံးရေး ကြိုးပမ်းအားထုတ်မှုများ နှောင့်နှေးစေရန် ရုရှားသမ္မတပူတင်ကကြိုးပမ်းနေကြောင်း ယူကရိန်းနိုင်ငံနှင့် အနောက်အုပ်စုနိုင်ငံများက စွပ်စွဲထားသည်။
ရိုက်တာ

image