Snapdragon 8 Elite SoC နဲ့ဆိုတော့ ဖလက်ရှစ် SoC ကိုမှ ခေါက်လို့ရတဲ့ဖုန်းပေါ်တင်ပေးထားတာပဲ  
Mi Mix Flip 2 တဲ့ Design ကာလာကတော့ အရင် Mix Flip နဲ့သိပ်မကွာဘူး 
Samsung လို ခေါက်ဖုန်းတွေမှာဆိုရင် First Gen မှာ Design တစ်ခု Second Gen မှာ ပိုကြမ်းတဲ့ Design လုပ်ပေမယ့် Xiaomi က First Gen မှာတည်းက ဝိုး ဝါးဖြစ်အောင်လုပ်ခဲ့တော့ ပုံသိပ်မပြောင်းတာလဲပါတယ်  
ဒါကတော့ ထားပါ ဆက်ရမယ်ဆ်ိုရင် Mix Flip 2 က ခေသူတော့မဟုတ်ဘူးဗျ ဘာလို့လဲဆိုရင် ခေါက်လို့ရတာတောင်မှ Spec တွေကြမ်းသား. 
5165 mAh Battery , 67W Fast Charging , 50W Wireless Charging လိုတွေထည့်ပေးထားတာ အပြင်ကိုမှ  
Camera ပိုင်းမှာဆိုရင် 50MP Main + 50MP Ultra-Wide တွေကိုသုံးပေးထားတယ် Front Camera ကလည်း 32MP တဲ့ 4K Video ရိုက်လို့ရဦးမယ် 
Display ကတော့ 6.86-inch ရှိမှာဖြစ်ပြီး အတွင်းအပြင် 120Hz Refresh Rate ရဦးမယ်ဆိုထားတယ် 
Xiaomi ဘက်က တရုတ်ပြည်တွင်းမိတ်ဆက်ထားတဲ့စျေးနှုန်းကတော့ $750 ပါ