8 ပတ် - ဘာသာပြန်ပါ။

iPhone ကိုင်ပြီး Security Code အတွက် မိတ်ဆွေက Authentication App ရှာနေတာဆိုရင် ဘာမှထပ်ရှာမနေနဲ့
အကောင်းဆုံးအရာတွေက ကိုယ့်အနီးဆုံးမှာရှိပြီးသားပဲ
Apple ရဲ့ Built-in ထည့်ပေးထားတဲ့ Passwords App ထဲက Code ဆိုတဲ့နေရာမှာတင် 2FA Code တွေ ရဖို့အတွက်သုံးလို့ရတယ်
Passwords App က Password Manager App တစ်ခုဖြစ်တာမလို့ ကိုယ့် Password တွေပါသိမ်းထားလို့ရသလို ၊
Authentication Code ကိုလဲ ဘယ် Password Auto Fill တဲ့ အကောင့်နဲ့ ချိတ်ထားမလဲက အစရွေးလို့ရတယ် တခြား App တွေလို Code ကျဖို့တင်မဟုတ်ဘူးပေါ့ဗျာ
Apple ဆိုတဲ့အတိုင်း Seamsless ဖြစ်တာပြောစရာမလိုဘူး
အားသာချက် ၊ အားနည်းချက်တွေပြောပြမယ်
အားသာချက် ✅
Apple Ecosystem ထဲက သူဆိုရင် အားသာချက်ပဲ ဘယ် Device မှာသုံးသုံး iCloud အကောင့်တစ်ခုတည်းနဲ့ Sync လုပ်ရင် ပြီးသွားပြီ Password Aut Fill ကလည်းသုံးလို့ရဦးမယ်
iPhone ပျောက်သွားတောင် ကိုယ်က တခြား Apple Device မှာ iCloud အကောင့်ကျန်နေသေးတယ် Authentication Code တွေပျောက်သွားမှာစိတ်ပူစရာမလိုဘူး Security အတွက်လည်း Find My ကနေ iPhone ကို Lock ချတာလုပ်လိုက်ရင် ပြီးသွားပြီ
အားနည်းချက် ❌
မိတ်ဆွေက iPhone တစ်လုံး(Apple Device) တော့ လိုနေမှာ ဘာလို့ဆို Password App က Apple Device မှာပဲရတာကိုး
iPhone + Android တွဲကိုင်တာ ၊ iPhone + Windows Laptop တွဲကိုင်တာဆိုရင် Password App က Apple Device ပေါ်ပဲရှိမယ် Other Platform App မရှိတာကြောင့် တိုင်ပတ်မယ်
iCloud Account ကို နောက်ထပ် Apple Device ထဲဝင်ထားတာပိုကောင်းမယ် မတော်တဆ ဖုန်းပျောက်သွားရင် account access ရှိနေဖို့ပါ
Alternative App အကြံပြုပါဦး ဆိုရင်ကျနော်သဘောအကျဆုံးကတော့ Google Authenticator ပါပဲ ဒါပေမယ့် Gmail အကောင့်ကနေ တစ်ဆင့် Backup ရတာမလို့ ကိုယ့်ရဲ့ GMail ကို လုံခြုံအောင်ထားဖို့လိုပါမယ်

image