The Incredibles 
2004 ‧ Family/Adventure ‧ 1h 55m 
 
Pixar ကို ပရိတ်သတ်ကြီးအနေနဲ့ သိကြမှာဖြစ်ပေမယ့် အများစုမသိကြတာကတော့ သူရိုက်လိုက်သမျှ ကာတွန်းကားအများစုဟာ၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်လေ့ရှိပါတယ်။ ၁၉၉၅ မှာ Toy Story နဲ့စခဲ့ပြီး လက်ရှိအချိန်အထိ Inside Out အပါအဝင် ၁၅ ကားရိုက်ကူးထားပြီး Cars 2 တစ်ကားသာ ဇာတ်လမ်းမကောင်းဘူးဆိုပြီး ဝေဖန်ခံရပြီး၊ ကျန် ၁၃ ကားလုံးက ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးမွှမ်းခြင်းကိုခံထားရပါတယ်။ ဒီဘက်ခေတ်မှာ Pixar ကထုတ်တဲ့ကားကို ကောင်းပြီးသားလိုဆို ရလောက်တဲ့အထိ အရှိန်အဝါ ကြီးလှပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲမှာပဲ Pixar က The Good Dinosaur ဆိုပြီး နောက်ထပ် တစ်ကားထွက်ဖိုရှိပြီး ပထမဆုံးအကြိမ် တစ်နှစ်ထဲ နှစ်ကားထုတ်တာဖြစ်ပါတယ်။ 
 
ဇာတ်လမ်းကတော့ Mr.Incredibles က ပထမဆုံးအခန်းမှာ သူ့ကို အရမ်းကြိုက် အရမ်းလေးစားတဲ့ ကောင်လေး တစ်ယောက်ကို သူက ဂရုမစိုက်မိသလို၊ သူ့နောက်လိုက်အဖြစ်လည်း လက်မခံတာကြောင့် နှစ်တွေကြာလာတဲ့အခါမှာ ပြန်ကလဲ့စားချေတာဖြစ်ပါတယ်။ ဇာတ်လမ်းကရှင်းပေမယ့် မိသားစု အကြောင်း၊ ဟီးရိုးအကြောင်း ဖြစ်တာကြောင့် အပျင်းပြေကြည့်လိုကောင်းရုံတင်မ ဇာတ်လမ်း ဇာတ်အိမ်လည်း အရမ်းကောင်း ပါတယ်။ 
အက်ရှင်တွေလည်းကောင်းသလို စိတ်ဝင်စားစရာကောင်းအောင်လည်း ရိုက်ကူးထားနိုင်သလို ဒီနေ့အထိ ဘယ်လိုကြည့်ကြည့် မရိုးနိုင်ပါဘူး။ ဒီဘက်ခေတ် ကလေးတွေ လူငယ်တွေ အကြိုက်တွေ့မယ့် ကာတွန်းကား ကောင်းလေးဖြစ်ပါတယ်။ မိသားစု အတူတူကြည့်ဖို ကောင်းတဲ့ကား ဖြစ်ပြီး၊ ကြည့်သင့်တဲ့ကားကောင်း တစ်ကားပါ။ 
 
🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ🗓 
 
👑Channel Link 
 
https://t.me/+fNZjMKbzHF5mZmM1 
 
🖥ဇာတ်ကားကြည့်ရန် Link 
 
https://t.me/c/2305672701/1699