#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ် ထိပ်တန်းဗိုလ်ချုပ်ကြီး မြောင်ဟွား ဗဟိုစစ်ကော်မရှင်မှ ထုတ်ပယ်ခံရ
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ပီအယ်လ်အေ) ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကို ဗဟိုစစ်ကော်မရှင်မှထုတ်ပယ်ရန် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်က မဲခွဲဆုံးဖြတ်ခဲ့ကြောင်း တရုတ်အစိုးရသတင်းမီဒီယာများက ဇွန် ၂၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ဗဟိုစစ်ကော်မရှင်မှ ထုတ်ပယ်ခံခဲ့ရသည့်အသက်(၆၉)နှစ်အရွယ်ဗိုလ်ချုပ်ကြီး မြောင်ဟွားသည် စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုစွဲချက်များဖြင့်ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ စုံစမ်းစစ်ဆေးမှုခံနေရသူဖြစ်သည်။
တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်သည် ဗိုလ်ချုပ်ကြီးမြောင်ဟွားကို ၎င်းလက်ရှိရာထူးဖြစ်သော ပီအယ်လ်အေနိုင်ငံရေးသဘောတရားရေးရာဌာန အကြီးအကဲအဖြစ်မှလည်း အနားပေးရန် မဲခွဲဆုံးဖြတ်ခဲ့သည်။
တရုတ်သမ္မတရှီကျင်ပင်း၏ လက်နက်ကိုင်တပ်များအကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုအရ ဗိုလ်ချုပ်ကြီးမြောင်ဟွားကို စည်းမျဉ်းစည်းကမ်းများချိုးဖောက်မှုဖြင့် ဗဟိုစစ်ကော်မရှင်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
ပီအယ်လ်အေရေတပ်မှ ရေကြောင်းဗိုလ်ချုပ်ကြီးမြောင်ဟွားသည် တရုတ်သမ္မတရှီကျင်ပင်း ဒေသန္တရတာဝန်ရှိသူတစ်ဦးအဖြစ် တာဝန်ထမ်းခဲ့ဖူးသောဖူကျန်းပြည်နယ်၌ မွေးဖွားခဲ့သူဖြစ်ပြီး သမ္မတရှီကျင်ပင်း၏ပုဂ္ဂိုလ်ရေးအရချီးမြှောက်မှုဖြင့် ဗဟိုစစ်ကော်မရှင်၌ အဖွဲ့ဝင်အဖြစ်ပါဝင်လာခြင်းဖြစ်သည်။
ရိုက်တာ
