ပါကစ္စတန်မှာ အသေခံကားဗုံးခွဲမှုကြောင့် စစ်သား ၁၃ ယောက်သေဆုံး
အစ္စလာမ္မာဘတ်၊ ဇွန်-၃၀-၂၀၂၅
ရတီ(VOM)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်သား ၁၃ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အာဖဂန်နယ်စပ်အနီး ဝါဇီရီစတန်လူမျိုစုဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသေခံဗုံးခွဲသမားဟာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ မော်တော်ယာဉ်ကို မောင်းဝင်ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုနောက်ကွယ်က စစ်သွေးကြွတွေကို အိန္ဒိယက ကျောထောက်နောက်ခံပေးထားတယ်လို့ ပါကစ္စတန်က စွပ်စွဲထားပေမယ့် အိန္ဒိယဘက်ကတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ပါကစ္စတန်ရဲ့ စွပ်စွဲချက်ကို ရှုတ်ချတယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုကို ပါကစ္စတန် တာလီဘန်အဖွဲ့တဖွဲ့ဖြစ်တဲ့ အိတ်ချ်ဂျီပီက လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း ကလေးနှစ်ယောက်၊ အမျိုးသမီးတယောက်အပါအဝင် အရပ်သားသုံးယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဒါဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖို့ ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်ဖ်က ပြောပါတယ်။ မကြာသေးမီလအတွင်း အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်ခြမ်းမှာ စစ်သွေးကြွတိုက်ခိုက်မှုကြောင့် လူ ၂၆ ယောက်သေဆုံးပြီးနောက် အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုနောက်ကွယ်က စစ်သွေးကြွတွေကို ပါကစ္စတန်က ခိုလှုံခွင့်ပေးထားတယ်လို့ အိန္ဒိယက အပြစ်တင်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ဒုံးကျည်တွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကာ နောက်ပိုင်းမှာတော့ အမေရိကန်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပါတယ်။
Ref:BBC
