မြင့်မြတ်သူတို့၏ အမူအကျင့်များ 
စိတ်တိုတာ ဒေါသကြီးတာ မလုပ်ဘူး၊ ရန်ငြိုးဖွဲ့တာ 
မလုပ်ဘူး၊ ကျေးဇူးကန်းတာ မလုပ်ဘူး၊ မှန်ကန်တဲ့ 
အယူအဆပဲ ရှိတယ်၊ မှားယွင်းတဲ့ အယူအဆ မလုပ် 
ဘူး။ 
လှည့်စားတတ်တဲ့ မာယာ မရှိဘူး ဆိုရင် လူတော် 
လူကောင်း ဖြစ်တယ်၊ သတ္တဝါတွေပေါ်မှာ အကြင်နာ 
တရားရှိတယ်၊ ညှင်းဆဲ သတ်ဖြတ်မှု မလုပ်ဘူး။ 
အားလုံး ဒုက္ခရောက်တဲ့ အလုပ်မျိုးတွေ မလုပ်ဘူး၊ 
သူတစ်ပါး ပစ္စည်းနဲ့ ပတ်သက်ပြီးတော့ မတရားယူ 
တာမျိုးတွေ မလုပ်ဘူး။ 
သူတစ်ပါး ကြွေးတွေ ယူထားပြီးတော့ ငြင်းဆို ထွက်ပြေး ၊ ရှောင်ပြေးတာ ဒါမျိုး မလုပ်ဘူး၊ အေး 
သူများ ပစ္စည်းရလိုမှုနဲ့ လူသတ်ပြီးတော့ ပစ္စည်းယူ 
တာမျိုး ဆိုတာ မလုပ်ဘူး။ 
ကိုယ့် အတွက် ဖြစ်စေ၊ သူများအတွက် ဖြစ်စေ၊ 
ဥစ္စာ အတွက် ဖြစ်စေ၊ ရုံးပြင်ကနား တက်ပြီးတော့  
မတရား သက်သေထွက်တာမျိုး မလုပ်ဘူး။ 
ဆွေတွေ မျိုးတွေထဲက ပတ်သက်ပြီးတော့ လူမှုရေး 
ဖောက်ပြန်မှု မလုပ်ဘူး၊မိအို ဖအိုတွေကို ပြုစုလုပ် 
ကျွေးတယ်၊ ရိုသေ လေးစားတယ်။ 
စော်ကားတဲ့ စကားတွေ မပြောဘူး ဆိုလို့ရှိရင် ဒို့ 
တတွေဟာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အမူအကျင့်တွေပဲလို့ အမှုအကျင့်တွေကို ဒို့တတွေ လိုက်နာကြရမှာ ဖြစ်တယ်လို့ ကိုယ်စီ ကိုယ်စီ သဘောကျပြီး- 
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော် အတိုင်း ဝသလ (အောက်တန်းစား)အဖြစ် ကနေပြီးတော့ လွတ်ကင်းပြီးတော့ ဗြဟ္မာဏ ဆိုတဲ့ မြင့်မြတ်တဲ့  ပုဂ္ဂိုလ်မျိုးဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေကုန်သတည်း။ 
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး 
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ