ကြက်သွန်မိတ်ဟင်းထုပ်


ဟင်းထုပ် ထုပ်တာ က တကယ်ပြောရင်တော့လွယ်ပါတယ်.
တစ်ခုပဲ့ ဒီဟင်းထုပ်ထဲမှာထည့်ရမဲ့ဆန်မူန့်ကောက်ညှင်းမူန့်
နဲ့ရေအချိုး ပဲအရေးကြီးတာ.အဲ့ဒါကို မှန်းဆတတ်ပီဆိုရင်
နောက်ဆိုလွယ်သွားမှာပါ…ကြက်သွန်မိတ်အစား.တခြားအသီးအရွကိတွေနဲ့လည်းပေါင်းလို့ရပါတယ်နော်..ခုလိူင်ထုပ်ထားတဲ့အချိုးလေးကိုပြောပြမယ်နော်…

★ပါဝင်ပစ္စည်း★

ကြက်သွန်မိတ် တစ်ဆယ်သား..
မွေးဆန်စိမ်းမူန့်..ခန့်မှန်း ၈ကျပ်သားခန့်..
မွှေးကောက်ညှင်းမူန့်..ခန့်မှန်း..၂ကျပ်သားခန့်..
ကြက်သားမူန့်(သို့)အရသာမူန့်.ကော်ဖီဇွန်းတစ်ဇွန်း
ဆား.ကော်ဖီဇွန်း တစ်ဇွန်းကျော်ကျော်..
ဆီ.ထမင်းစားဇွန်းသုံးဇွန်း…
ရေ.လက်ဖက်ရည်ခွက်နဲ့တစ်ခွက်ခွဲကျော်ကျော်
ငှက်ပျောဖက်..သန့်စင်ပြီး.ပျော့အောင်မီးကင်ထားပါ..
နှီး(သို့)သွားကြားထိုးတံ .တို့လိုအပ်ပါတယ်.

★ပါဝင်ပစ္စည်း★
ငှက်ပျောဖက်နှင့်နှီးမှလွဲ၍ကျန်တာကိုအားလုံး
ဟင်းထုပ်ထုပ်ဖို့အတွက်အရသာစပ်ဖို့အတွက်ပြင်ထား…

အားလုံးနယ်ပီးသွားလျှင် ဒီလိုအရည်မပျစ်မကျဲလေးဖြစ်နေရပါ့မယ်

ပြီးရင်အသင့်ပြင်ထားတဲ့ဖက်ထဲကိုဇွန်းနဲ့တစ်ဇွန်းခွဲလောက်မှန်းထည့်ပါ..မိမိတို့အဆင်ပြေသလိုထုပ်ပါ…ဖက်ပေါ်မူတည်ပါတယ်..ဖက်ကိုနှီးနဲ့ပဲချည်ချည်..သွားကြားထိုးတံ နဲ့ထိုးထိုး..အထုပ်ကိုတော့လုံအောင်ထုပ်ပေးပါ…ထုပ်ပြီးတဲ့ပုံကမှားဖျက်မိသွားလို့.ခုမတင်လိုက်ရလို့ပါ.

ပြီးရင်အထုပ်လေးတွေကိုပေါင်းအိုးထဲစီထည့်ပြီးနာရီဝက်..(သို့)မိနစ်လေးဆယ်ခန့်. မိမိတို့အိမ်မီးအားအတက်အကျပေါ်မူတည်ပါတယ်..အဓိက
ဟင်းထုပ်လေးတွေနူးအိနေရင်ရပါတယ်..

ဟင်းထုပ်နဲ့တွဲဖက်စားဖို့..
ကြက်သွန်ဖြူဆီချက်..
ငရုတ်သီးဆီသတ်..
ဂျူးမြစ်.အသင့်လုပ်ထားပါ.
credit See less

image