#သခွားသီးသုပ် စပ်စပ်လေး အရမ်းကြိုက်😋 လုပ်စားကြည့်ပါ😍
သခွားသီး နှစ်ခြမ်းခွဲအစေ့ထုပ်ပြီးခြစ်ထားပါ
နုရင်အစေ့ထုပ်စရာမလိုပါဘူး
ငပ်ိမီးကင်ထားပါ
ငရုပ်သီးစိမ်း လှော်ထားပါ
ပြီးရင်ငပိနဲ့ငရုပ်သီးစိမ်းရောထောင်းပါ
ပုဇွန်ခြောက်လေးကြိုက်ရင်ထည့်ထောင်းပါ
အရသာအတွက် ကြက်သားသို့မဟုတ်အချိုမုန့်နဲ့ဆားလေးနည်းနည်းပါရောထောင်းပါ
ပြီးရင်ခြစ်ထားတဲ့သခွားသီးထဲထောင်းထားတာတွေထည့် ကြက်သွန်နီနှစ်လုံး လောက်လှီးထည့်
သံပုရာသီးလေးညစ်ထည့်ပါ
ပင်စိမ်းလေးပါညှပ်ထည့်ပါရှင် ပိုမွှေးပါတယ်
ပြီးရင်အားလုံးရောသုပ်ပြီးအရသာလေးမြည်းပြီးရင်ရပါပြီ
အရမ်းကြိုက်သောသခွားသီးသုပ်လေး
