ဘုရားပြောတဲ့ စကား ( ၃ ) ခွန်း
=======================
ဘုရားစကားက. ဘာပြောလဲဆိုတော့......
သုံးခွန်းထဲပဲ ပြောပါတယ်
များများမပြောပါဘူး...။
အဲ့ဒီ့...စကားသုံးခွန်း လိုက်နာလို့ရှိရင်....
ခုလည်းကောင်းမယ် / နောင်လည်းကောင်းမယ်...
နိဗ္ဗာန်ထိအောင် ကောင်းခြင်းသုံးမျိုးကိုလည်း တာဝန်ယူပါတယ် ။
သူလည်း ချမ်းသာမယ် / ကိုယ်လည်း ချမ်းသာမယ်...
နိဗ္ဗာန်ထိအောင် ချမ်းသာစေနိုင်တဲ့ ချမ်းသာသုံးမျိုးကိုလည်း
တာဝန်ယူပါတယ်...။
ခုလည်းအကျိုးရှိမယ် / နောင်လည်းအကျိုးရှိမယ်...
နိဗ္ဗာန်ထိအောင် အကျိုးရှိမယ့် အကျိုးထူးသုံးမျိုးကိုလည်း..
ဗုဒ္ဓဘာသာရဲ့ အဲ့ဒီ့စကားသုံးခွန်းက. တာဝန်ယူပါတယ်..။
အဲ့ဒီ့စကားသုံးခွန်းက. ဘာတုန်းဆိုတော့......
၁ ။ မကောင်းတာဆိုရင် မလုပ်နဲ့
၂ ။ ကောင်းတာဆိုရင်တော့ လုပ်နိုင်သမျှ လုပ်တဲ့
၃ ။ မိမိ စိတ်ကလေးကို သန့်ပြန့်စင်ကြယ်အောင် ထားတဲ့....
🙏မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏မေတ္တာဖြင့်
