နှင်းဆီပန်းကို
အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ်
မြေမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို
တစ်လတခါ တစ်လခွဲတခါ
ပုံမှန်ကျွေးပေးရပါတယ်။
မြေဩဇာ ပုံမှန်ကျွေးမပေးလို့
အဖူး အပွင့်သေးသွားတယ်
အပင် ထပ်ပြီး မကြီးထွားဘူး အဲ့ဒီလိုမျိုးလည်း ဖြစ်တတ်ပါတယ်။
ဝယ်တဲ့အချိန်မှာ အပွင့် အဖူးကြီးတယ် အပင်တွေသန်တယ်ဆိုတာက ကျနော်တို့ ဒီမှာ ကျွေးပေးထားတဲ့ ဓါတ်မြေဩဇာ အရှိန်နဲ့ပါ ဒီမှာက ၃ပတ် တခါ ၁လတခါလောက် အပင်တွေကို ဓါတ်မြေဩဇာ ကျွေးပေးကြပါတယ်၊ ဓါတ်မြေဩဇာ အနေနဲ့က အာမို/နိုက်ထရိုဖော်စကာ 15:15:15 ကို သုံးပါတယ်)
- နောက်တခုကအလှပန်းအိုးနဲ့ စိုက်တဲ့အခါမှာ နုန်း ဒါမှမဟုတ် မြေကြီးသက်သက်ချည်းပဲ ထည့်ရင်လည်း မြေကြပ်ပြီး အမြစ်ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့အတွက်အပွင့် အဖူးသေးတတ်ပါတယ်။
တခါတခါ အပင်တောင် သေသွားတတ်ပါတယ်။
နုန်း/မြေကြီး ကို ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိုးနဲ့ရောစပ်ပြီးထည့်ပေးရပါတယ်။
(နုန်း/မြေကြီး ၁ဆ ဖွဲပြာ ၂ဆ
၁ဆ ၂ဆ ၁ဆ ၃ဆ ၁ဆ ၄ဆ အဆင်ပြေသလိုရောစပ်ပြီး အသုံးပြုနိုင်ပါတယ်)
နောက်တခုက - လောင်းရိပ်
အပင်တွေက လောင်းရိပ်/အရိပ်အောက် မကြိုက်ပါဘူး။
#နေရောင်ရမှ အစာချက်နိုင်တာပါ။
လောင်းရိပ်/အရိပ်အောက် ရောက်နေရင်လည်း အပွင့်အဖူးသေးပြီး အပင်မကြီးထွားတတ်ပါဘူး။
(နှင်းဆီပင်ကို နေပူမှာစိုးပြီး အရိပ်အောက်မှာပဲ ထား ထားတာကို တွေ့ဖူးခဲ့ပါတယ်)
ခြုံငုံပြီး ပြောမယ်ဆိုရင်
အပင်ကို အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ် မြေကြီးမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို တစ်လ တခါ တစ်လခွဲ တခါလောက် ပုံမှန်ကျွေးပေးရပါတယ်။
အပင်ကို အလှပန်းအိုးနဲ့ထည့်စိုက်မယ်ဆိုရင်
နုန်း/မြေကြီးနဲ့ ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိူးတို့ကိုရောစပ်ပြီးထည့်ပေးရပါတယ်။
အပင်ကို လောင်းရိပ်/အရိပ်အောက်မှာ မထားပဲေ နရောင်ရတဲ့နေရာမှာသာ ထားပေးရပါတယ်။
