#ဆီထမင်း ပူပူလေး လုပ်စားလို့ရအောင် နည်းလေးပါ Save😋😋
ပါဝင်ပစ္စည်းများ
👉 ကောက်ညှင်းဆန် (၂) ဗူး နို့ဆီဗူး
👉 ဆား အနည်းငယ်
👉 နှမ်း (၂)ဇွန်း
👉 ဆီ (၃)ဇွန်း
👉 နနွင်း အနည်းငယ်
👉 ကြက်သွန်နီ (၆)လုံး
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဦးစွာဒယ်ပူလာလျှင် ဆီ ထည့် ဆနွင်းအနည်းငယ် ထည့်ပါ။
ပြီးလျှင် ကြက်သွန်နီ ပါးပါးလှီးထားကာထည့်ပြီး ရွှေညိုရောင် ရသည်အထိ ကြော်ပေးပါ။
(ဆီထမင်း ပေါ် ဖြူးပြီး စားရန်ပါ)
ပြီးနောက်ကြက်သွန်ကြော်ရလျှင် ဆယ်ထားပြီး ကျန်ဆီများထဲ ရေစိမ်ထားသော ကောက်ညှင်းများ ရေစစ်ထည့်ပါ။
ဆား အနည်းငယ်ထည့်ပြီး ၁ မိနစ်ခန့်မွှေပေးပါ
ပြီးလျှင် ကောက်ညှင်းရေမြုပ်သည်အထိ ထည့်ပြီး အဖုံးအုပ်တည်ထားပါ။
ရေခန်းခါနီးလျှင် ၁ မိနစ်ခန့် ထပ် မွှေပေးပါ။
ရေခန်းလျှင် ဒယ်အိုးဖုံးပြန်မပိတ်တော့ဘဲ ဒယ်အိုးမကပ်စေရန် မကြာခဏမွှေပေးပါ။
တစ်ဖျစ်ဖျစ်မြည်လာသည်အထိ မွှေပြီးလျှင် ဆီထမင်းအိအိလေးရပါပြီနော်
ငါးခြောက်-ဖု-တ် ကြက်သွန်ကြော်တို့ ဖြူးပြီးစားလိုက်ရင်အရမ်းကို အရသာရှိစေမှာဖြစ်ပါတယ်နော်
ဆီထမင်းကို လုပ်စားလို့ရအောင် ပို့စ်ကိုရှဲထားကြပါနော်
