သရေကျစေမည့် ငါးသံပုရာပေါင်း လုပ်နည်း 😋
ငါးသံပုရာပေါင်း ကို အမျိုးမျိုးလုပ်စားတဲ့နည်းထဲကမှ ဒါကနည်းတမျိုးပါ ။
လုပ်နည်းကတော့ လွယ်ကူပါတယ် လုပ်စားကြည့်နော် ။
အခြားနည်းတွေနဲ့လဲ အရမ်းတော့ သိပ်မကွာပါဘူးည။
ဒါပေမယ့် ပိုလွယ်လို့.. လုပ်စားကြည့်နော်။
ပါ၀င်သောပစ္စည်းများ
၁။ ကကတစ်ငါး (သို့) စလားဗီးယားငါး ၁ ကောင်
၂။ ကြက်သွန်ဖြူ ၃ မွှာ
၃။ ငရုတ်သီးစိမ်း ၃ တောင့်
၄။ ကြက်သွန်မြိတ် ၂ ပင်
၅။ နံနံပင် ၅ ပင်
၆။ ဂျင်း လက်တဆစ်
၇။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
၈။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ၀ကြ
၉။ ကြက်သားမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း
၁၀။ သံပုရာသီး ၁ ခြမ်း
၁၁။ ရေ ၁ ခွက်
( ၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် = ထမင်းစားဇွန်း16ဇွန်း) ( ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ ငါးကို သန့်စင်ထားပါ ။ ဂျင်းကို ထောင်းထားပါ ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ ။ ငရုတ်သီးကို အသေးလေးတွေလှီးထားပါ ။ ကြက်သွန်မြိတ်နှင့် နံနံပင်ကို နှုတ်နှုတ်ဆင်းထားပါ ။
၂။ သန့်စင်ထားသော ငါးပေါ်ကို ထောင်းထားသော ဂျင်းမှအ၇ည်များညှစ်ချပါ ။ ပြီးလျှင် မိနစ် ၂၀ ခန့်ပေါင်းပါ ။ ပေါင်းပြီး ငါးမှထွက်လာသော အ၇ည်များကို သွန်ပစ်ပါ ။
(အညှီနံ့များပါသွားပါလိမ့်မည်။)
၃။ ပေါင်းထားသော ငါးပေါ်ကို ကြက်သွန်မြိတ်နှင့် နံနံပင်များ အုပ်ထားပါ ။
၄။ ဒယ်အိုးတစ်ခုထဲတွင် ရေထည့် ၊ သကြား(သို့) အချိုမှုန့် ပဲငံပြာရည် တို့ကို ထည့်၍ ဆူလာအောင်တည်ပါ။
ဆူလာလျှင် ကြက်သွန်ဖြူ နှင့် ငရုတ်သီးကို ထည့်ပြီ ငရုတ်သီး အနံ့မွှေးလာသည်အထိတည်ပါ ။
ငရုတ်သီး အနံ့မွှေးလာလျှင် မီးဖိုကို ပိတ်ရ်ျ သံပုရာရည်ကို ညှစ်ထည့်ပါ ။ (ချဉ်မချဉ်ကြည့်ပြီး သံပုရာရည်လိုသလောက်ထပ်ထည့်ပါ။)
၅။ ပြုလုပ်ထားသော အ၇ည်ကို ပေါင်းထားသော ငါးပေါ်ကို ဆမ်းပါ ။
၆။ အရသာရှိရှိ ငါးသံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီ ။
