သားဆုပန်ဘုရား
ပုဂံ​ရှေး​ဟောင်း သု​တေသနပြတိုက်ရှေ့က နှစ်ထပ်ဆင်းထုလေးအတွင်းထဲက တစ်ဆူဟာ ပျူလက်ရာဖြစ်ပြီး ပုဂံထက်ကိုရှေးကျပါတယ် အပေါ်ဆင်းထု​တော်က အနော်ရထာမင်း ကုသိုလ်​တော်ပါ။
နာရီတွေလှူရတဲ့အကြောင်းက ပုပ္ပါး ဘိုးမင်းခေါင်နဲ့ ဆက်စပ်ပါတယ် သားဆုပန်တဲ့အခါ နရီစည်းဝါး ၊ဖိုမ ကိုက်ညီအောင် နရီ(နာရီ)ကို ပုဂံမှာလှူပြီး စည်းနဲ့ဝါးကို ပုပ္ပါးမှာ လှူပါတယ်။
(ယ​နေ့ခေတ်အချို့က ကျောက်ဆည်မြို့ ရွှေကူကြီးဘုရားမှာလည်း စည်းနဲ့ဝါးကို လှူကြပါတယ်) ရွှေကူကြီးဘုရားက ဆင်းထုသုံးထပ်ပါ။
အပေါ်ဆင်းထုက အတွင်းဆင်းထုကို ငုံထားတဲ့သဘောကမိခင်ဟာ ရင်သွေးကိုမထိမခိုက်အောင် ကာကွယ် ထွေးပိုက်တယ်လို့ ယူဆကြပါတယ်။
အဘ ဘိုးမင်းခေါင်ရဲ့အလိုအရ ဘဝမှာ နာကျင်စရာတွေ့တိုင်း ရယ်မောစေဖို့ နာရီလှူရမယ်ဆိုတဲ့ အယူလည်း တွင်ကျယ်ပါတယ် ကျောက်ပန်းတောင်းကဘုရားအများစုမှာ အဲ့အယူဆ တွေ့ရပါတယ်။
ပုဂံက မင်းအိုချမ်းသာဘုရားမှာလည်း နာရီလှူတဲ့ဓလေ့ ရှိပါတယ် ဘုရားစောင့်တဲ့ဘီလူးရုပ်ကိုတောင် နာရီ ပတ်ပေးထားပါတယ်။
သားသမီးလိုချင်သူများက နရီ၊စည်းဝါးမှန်လာရင်
သားသမီး သန်မာတယ်ဆိုပြီး တိုင်ကပ်နာရီလှူကြသလို
အချို့ကဘဝရဲ့ နာစရာတွေ့တိုင်း ရီရီမောမော ဖြတ်သန်းရပါစေဆိုပြီး နာရီလှူကြပါတယ်။
#သွားမယ်&တည်းမယ်

image