မြန်မာ့သဘာဝဆေးစွမ်း #တပင်တိုင်မြနန်း
=====================
တပင်တိုင်မြနန်းမှာပါတဲ့ Glycoside နဲ့ Flavonoid တွေဟာ အင်မတန်မှ အစွမ်းထက်ပါတယ်။
(၁) အရေပြားအနာအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါတယ်။ သူ့မှာ ဘက်တီးရီးယားပိုးတွေကို နှိမ်နင်းနိုင်တဲ့အာနိသင် (𝗔𝗻𝘁𝗶𝗯𝗶𝗼𝘁𝗶𝗰 𝗔𝗰𝘁𝗶𝗼𝗻) ရှိလို့ မွှေးကျွတ်နာကအစ Carbuncle လို့ခေါ်တဲ့ အနာပဆုပ်မျိုးအထိ သက်သာပျောက်ကင်းစေပါတယ်။ အနောက်တိုင်းပိုးသတ်ဆေး (Antibiotics) တွေနဲ့ ကုသလို့မလွယ်ကူတဲ့ ရောဂါပိုးတွေကိုတောင် သေစေနိုင်တာ တွေ့ရပါတယ်။ အရွက်ကိုတော့ အနာတွေအပေါ်မှာအုပ်ပေးရင် ရောဂါပိုးတွေကို သေစေပြီး အနာကျက်မြန်တာ တွေ့ရပါတယ်။ အမြစ်(ဥ) ကို သွေးလိမ်းလို့ပဲဖြစ်ဖြစ် ပါးစပ်ကသောက်လို့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။
(၂) သူ့မှာ 𝗔𝗻𝘁𝗶𝘁𝘂𝗺𝗼𝗿 𝗔𝗰𝘁𝗶𝘃𝗶𝘁𝘆 ရှိတာကြောင့် အဖုအကျိတ်မျိုးစုံကို ပျောက်ကင်းစေပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ သားအိမ်မှာဖြစ်တဲ့ Myoma လို့ခေါ်တဲ့ အလုံးအကျိတ်တွေကို ကုသရာမှာ များစွာထိရောက်ပါတယ်။ အနောက်တိုင်းဆေးပညာအရတော့ သားအိမ်မှာ အလုံးဖြစ်တယ်ဆိုတာနဲ့ ခွဲစိတ်ကုသမှ ပျောက်ပါတယ်။ ဒါပေမဲ့ လောလောဆယ် ခွဲစိတ်ဖို့မလိုသေးရင် သေးသွားအောင် တပင်တိုင်မြနန်းဥကို စားပြီး ကုသပျောက်ကင်းနိုင်ပါတယ်။ သက်ဆိုင်ရာ မီးယပ်သားဖွားပါရဂူများနဲ့လဲ ပူးတွဲစမ်းသပ်လျက်ရှိတာ အောင်မြင်လျက်ရှိပါတယ်။
𝗠𝘆𝗼𝗺𝗮 𝘂𝘁𝗲𝗿𝘂𝘀 ဆိုတဲ့ သားအိမ်မှာ အလုံးအကျိတ်ဖြစ်တဲ့ရောဂါဟာ အမျိုးသမီးတွေမှာ အင်မတန်မှ အဖြစ်များပါတယ်။ တချို့လဲ တစ်ခုဖြစ်တတ်ပြီး တစ်ခါတလေမှာ အများအပြားလဲ ဖြစ်လေ့ရှိပါတယ်။ အသက် ၃၀ ကျော်ရင် ဖြစ်ဖို့အလားအလာရှိနေပြီး အသက် ၃၀ ကျော်အမျိုးသမီး ၁၀၀ မှာ ၂၀ ကနေ ၃၀ အထိလောက် ဖြစ်တာတွေ့ရပါတယ်။ အလိုဖြစ်ရင် ရာသီမမှန်တာတို့၊ သွေးဆင်းများတာတို့၊ သားအိမ်နေရာက ကိုက်ခဲတာတို့၊ ဆီးသွားလို့ ခက်ခဲတာတို့ ဖြစ်တတ်ပါတယ်။ သူ့အနေနဲ့ ကင်ဆာအကျိတ်မဟုတ်လို့ သိပ်စိုးရိမ်စရာမဟုတ်ပေမဲ့ ကြီးလာရင် ဒုက္ခပေးနိုင်ပါတယ်။ အသက်ငယ်သေးရင်တော့ သားအိမ်ကိုချန်ပြီး ခွဲစိတ်ကုသရလို့ အသက်ကြီးရင်တော့ သားအိမ်ပါထုတ်ပစ်ပြီး ခွဲစိတ်ကုသရလေ့ရှိပါတယ်။
(၃) နာတာရှည် အစာအိမ်ရောဂါကိုလဲ သက်သာပျောက်ကင်းစေပါတယ်။ သူ့မှာ အစာအိမ်ရောဂါပိုးဖြစ်တဲ့ 𝗛.𝗽𝘆𝗹𝗼𝗿𝗶 ကိုသတ်နိုင်တဲ့သတ္တိရှိတဲ့အပြင် အနာကျက်စေတဲ့အာနိသင်ပါ ရှိလို့ဖြစ်ပါတယ်။
သတိပြုရန်
======
တပင်တိုင်မြနန်းရဲ့အမြစ်ကို ဒီအတိုင်းသုံးဖို့ မသင့်တော်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
(၁) အမြစ်ဟာ မြေကြီးထဲကဖော်ပြီး ချက်ချင်းရေဆေး၊ နေလှမ်း၊ အခြောက်ခံမလုပ်နိုင်ရင် အစိုဓာတ်ကြောင့် မှိုတက်နိုင်ပါတယ်။ အဲ့ဒီမှိုတွေဟာ အမြစ်အတွင်းပိုင်းထဲအထိ စိမ့်ဝင်သွားတဲ့အတွက် အမှုန့်ကြိတ်ရင်လဲ ဆက်ပါနိုင်ပါတယ်။ အဲ့ဒီမှိုဟာ အန္တရာယ်ရှိတဲ့မှိုဖြစ်ခဲ့ရင် တစ်နည်းအားဖြင့် မှိုဆိပ်တွေထုတ်တဲ့ မှိုဖြစ်ရင် စားသုံးသူတွေအတွက် အန္တရာယ်များပါတယ်။
(၂) သောက်တဲ့အခါမှာ တစ်နေ့ကို 10 g ကနေ 16 g လောက်အထိ သောက်ရတော့ 500 mg ဆေးပြားထုတ်ရင်တော့ အပြား ၂၀ ကနေ ၃၂ ပြားအထိ သောက်ရတော့ အင်မတန်မှ သောက်ရတာများပါတယ်။
(၃) အမြစ်မှာပါတဲ့ အချို့အစိတ်အပိုင်းတွေဟာ ဓာတ်မတည့်မှု (Allergy) ဖြစ်တတ်တဲ့အတွက် ယားယံတာတို့ အင်ပြင်ထွက်တာတို့ ဖြစ်တတ်ပါတယ်။
ဒါတွေကတော့ အမြစ်ကို ဒီအတိုင်းစားရင် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုး (Side effects) တွေနဲ့ သူ့ရဲ့အားနည်းချက်တွေပဲ ဖြစ်ပါတယ်။
⭐️ အကောင်းဆုံးကတော့ သိပ္ပံနည်းကျ အဆီအနှစ် (Extract) ထုတ်ယူပြီး သောက်တာပါပဲ။ Extract လုပ်တဲ့အခါ 75% ethanol ကိုသုံးရပါတယ်။ ဘာလို့လဲဆိုတော့ အဖြူမျိုးဆိုရင် သူ့မှာပါဝင်တဲ့ ဆေးဖက်ဝင်အာနိသင်ရဲ့ 4% နီးပါးလောက်ဟာ Alcohol မှာပျော်ဝင်ပြီး 5% လောက်ဟာ ရေမှာပျော်ဝင်လို့ ဖြစ်ပါတယ်။ အနီမျိုးဆိုရင်တော့ Alcohol မှာ 5% ကျော်ကျော်နဲ့ ရေမှာ 7% နီးပါး ပျော်ဝင်မှုရှိတာ တွေ့ရပါတယ်။ Extract ကိုထုတ်ပြီးသုံးရင် ခုနကပြောသလို မှိုတက်မှုလည်း မရှိတော့တဲ့အပြင် တစ်နေ့ကို ၂ လုံး (၅၀၀ မီလီဂရမ်) လောက်ပဲသောက်ရလို့ အဆင်ပိုပြေပါတယ်။ Allergy ဖြစ်စေနိုင်တဲ့ အမြစ်တွေလဲ အဖတ်တွေထဲမှာ ကျန်ခဲ့လို့ အကောင်းဆုံးဖြစ်ပါတယ်။
ဒေါက်တာခင်မောင်လွင် (FAME)

image