မင်းမကြာခဏနားထောင်မိတဲ့သီချင်းက
တစ်ယောက်ယောက်ကိုပြောချင်မိတဲ့စာသားတွေဖြစ်နိုင်တယ်တဲ့
မင်း နှစ်နှစ်ခြိုက်ခြိုက်ရယ်မောပျော်ရွှင်မိချိန်မှာ
ဆိုမိတဲ့သီချင်းက အနာဂတ်မှာ
မင်းလိုချင်တဲ့ဆုတောင်းလေး ကိုရည်ရွယ်တယ်
အနာကျင်ဝမ်းနည်းမိဆုံးအချိန်မှာ
နားထောင်မိတဲ့သီချင်းက
မင်းချစ်ရတဲ့သူနဲ့သက်ဆိုင်တယ်..
မျှော်လင့်ချက်တွေအကြောင်းတွေးမိချိန်မှာနားထောင်မိတဲ့သီချင်းလေးက
မင်း ဘဝကို ရည်ရွယ်တယ်
ဒီသီချင်းတွေက လူတစ်ယောက်ထဲနဲ့ပဲ
သက်ဆိုင်နေရင်တော့
မင်း သူ့ကိုဆုံးရှုံးလိုက်ရရင်တောင်
ဘယ်သူကိုမှ ထပ်ချစ်နိုင်မှာမဟုတ်တော့ဘူးတဲ့လေ

image