8 ပတ် - ဘာသာပြန်ပါ။

ဂျိုကို ဝီလင့်ခ်ရဲ့ "Extreme Ownership" စာအုပ်ထဲက အချက် (၁၁) ချက်ကို ပြန်လည်စုစည်းတင်ပြထားပါတယ်။
၁။ စည်းကမ်းရှိခြင်း = လွတ်လပ်ခြင်း
- ပေါ့ပါးတဲ့ဘဝကို တောင့်တရင် ခက်ခဲတဲ့ဘဝကို ရမယ်။
- စည်းကမ်းက ခက်ခဲမှုဆီ ဦးတည်ပြီး၊ ခက်ခဲမှုက တည်ငြိမ်မှုကို ရစေမယ်။
-တည်ငြိမ်မှုကနေ ရလဒ်ကောင်းတွေရမယ်။ ရလဒ်ကောင်းတွေက ဉာဏ်ပညာကို ပေးပြီး ဉာဏ်ပညာဟာ လွတ်လပ်ခြင်းပဲ။
၂။ သက်တောင့်သက်သာ နယ်ပယ်မှာ ကြီးထွားမှု မရှိဘူး
-နာကျင်မှုမရှိရင် အဓိပ္ပာယ်မရှိဘူး။
-ခံစားဖူးမှ တန်ဖိုးသိမယ်။
-သက်တောင့်သက်သာဖြစ်ခြင်းက ပျင်းရိစေပြီး ခံစားရခက်တဲ့ ဝေဒနာကို ဖုံးကွယ်ထားတယ်။
-မသက်မသာဖြစ်ခြင်း = ကြီးထွားမှု။
၃။ လူတွေက စက်ရုပ်တွေကို Follow မလုပ်ဘူး
လူတွေက စိတ်ခံစားမှုတွေကို လိုချင်ကြတယ်။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာပဲဖြစ်ဖြစ် Leader တစ်ယောက်ဖြစ်ချင်ရင် လူတွေကို ခံစားရအောင်လုပ်ပါ။
၄။ မနက်နှိုးစက်မြည်ရင် အိပ်ရာက ထမလား၊ ဆက်အိပ်နေမလား
ကောင်းမွန်တဲ့ဘဝဆိုတာ စိတ်ကူးယဉ်မှုတွေနဲ့ ခဏတာသာယာမှုတွေကနေ နိုးထပြီး နေထိုင်ချင်စိတ်ဖြစ်ပေါ်အောင် ကိုယ်တိုင်တည်ဆောက်နိုင်သူတွေအတွက်ပဲ။
ဘဝက ဆိုးရွားတယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ အတင်းအကျပ်လုပ်ပါ။
၅။ လွယ်ကူတဲ့လမ်းက ချောက်ကမ်းပါးဆီ ဦးတည်တယ်
လွယ်ကူတာက ပျမ်းမျှကိုပဲ ဦးတည်တယ်။ ထူးခြားအောင် ကြိုးစားပါ။
သူများအပေါ် သိပ်မှီခိုမနေပါနဲ့၊ ကိုယ့်တာဝန်ကိုယ်ယူပါ။
လူတွေရှောင်တဲ့ ခက်ခဲတာကို ရွေးပါ။ ထူးခြားတဲ့သူ ဖြစ်အောင် ကြံဆောင်ပါ။
၆။ Motivation ကို အားမကိုးနဲ့
Motivation က စိတ်မချရဘူး။ ပန်းတိုင်တွေ အောင်မြင်ဖို့အတွက် Motivation အပေါ်ပဲ မှီခိုနေရင် မပြည့်မီဘဲ နေလိမ့်မယ်။
စနစ်တွေနဲ့ ကျောထောက်နောက်ခံပြုထားတဲ့ စည်းကမ်းနဲ့ အလေ့အကျင့်တွေက Motivation ရှာဖို့ လုံးဝမလိုအပ်ဘူး။
ရ။ ရာထူးမတက်ဘူးလား။ ကောင်းပြီ၊ ပိုကောင်းအောင်လုပ်ဖို့ အချိန်ပိုရတာပေါ့
လိုချင်တာတွေ မရဘဲ လွဲချော်တာကလည်း သင်ယူဖို့အခွင့်အလမ်းပဲ။
ပိုကောင်းအောင်လုပ်ပါ။ သင့်ကို တန်ဖိုးထားတဲ့နေရာကို သွားပါ။
၈။ မနက်အစောကြီးထပြီး လေ့ကျင့်ခန်းလုပ်ရင် တစ်နေ့တာလုံး ပိုကောင်းလာမယ်
ကောင်းမွန်တဲ့ဘဝအတွက် လေ့ကျင့်ခန်းက မဖြစ်မနေလိုအပ်တယ်။
မနက်အစောကြီးထတဲ့သူတွေက တစ်နေ့တာကို ဦးဆောင်နိုင်တယ်။
မနက်ပိုင်းမှာ စွမ်းအင်အပြည့်အဝရှိတာကြောင့် အဲဒါကို မဖြုန်းတီးပါနဲ့။
၉။ သုတေသနလုပ်တာ ရပ်ပြီး စတင်လုပ်ဆောင်ပါ(သိပ္ပံပညာ သုတေသနမဟုတ်ပါ။တခုခုစလုပ်တော့မယ်ဆိုရင် ဟိုရှာ ဒီရှာယောင်တဲ့
အချိန်ဖြုန်းတတ်တဲ့ personal development အပိုင်းကပြသနာ
ကိုညွှန်းတာ)
-သုတေသနဆိုတာ အယောင်ဆောင်ထားတဲ့ အပျော်ရှာတာပဲ။
အများကြီး မစဉ်းစားပါနဲ့။ အချိန်ဆွဲတာ ရပ်လိုက်ပါ။
ဆုံးဖြတ်ချက်အများစုက ပြန်ပြင်လို့ရပေမယ့် နောင်တကတော့ ပြန်ပြင်လို့မရဘူး။
၁၀။ စိတ်ဖိစီးမှုကို မတိုက်ပါနဲ့။ လက်ခံပါ၊ အသုံးချပါ
စိတ်ဖိစီးမှုက သင့်ကို ပိုကောင်းစေတယ်။
စိတ်ဖိစီးမှုက ဆွဲဆောင်မှုရှိတယ်။
စိတ်ဖိစီးမှုက သင့်ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်အောင် တွန်းအားပေးတယ်။
စိတ်ဖိစီးမှု = ကြီးထွားမှု။
၁၁။ လွယ်ကူတဲ့နည်းလမ်းမရှိဘူး
ကြိုးစားအားထုတ်မှု၊ ညဉ့်နက်ပိုင်း၊ မနက်အစောပိုင်း၊ လေ့ကျင့်မှု၊ အကြိမ်ကြိမ်အခါခါ ပြုလုပ်မှု၊ လေ့လာမှု၊ ချွေးထွက်မှု၊ သွေးထွက်သံယိုမှု၊ ပင်ပန်းမှု၊ စိတ်ပျက်မှုနဲ့ စည်းကမ်းရှိမှုတွေပဲ ရှိတယ်။
လျှို့ဝှက်နည်းလမ်းတွေ၊ လမ်းဖြတ်နည်းလမ်းတွေ၊ အခမဲ့အကြံဉာဏ်တွေဆိုတာ မရှိဘူး။
သင့်ရဲ့ အလားအလာကို ဖော်ထုတ်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။
စိတ်ရောဂါ = လွယ်ကူတဲ့အခြေအနေ။(easy &comfort condition)
နိဂုံးချုပ်
ဂျိုကိုကို စိတ်ရောဂါသည်လို့ မြင်ဖို့ လွယ်ကူနိုင်ပါတယ်။ သူက ကမ္ဘာကြီးကို ထူးဆန်းတဲ့ အမြင်နဲ့ ကြည့်တယ်။ ဒါပေမဲ့ ဒီလို အပြစ်တင်ခံရတဲ့ခေတ်ကြီးမှာ သူ့ရဲ့ "ခက်ခဲတာကို ရင်ဆိုင်ပါ" ဆိုတဲ့ မက်ဆေ့ချ်က ကျွန်တော်တို့ ကြားဖို့ လိုအပ်တဲ့ မက်ဆေ့ချ်ပဲ။ လွယ်ကူတာဆိုတာ မရှိဘူး။ ဘဝက ခက်ခဲတယ်။ ကျွန်တော်တို့ အဲဒါကို လက်ခံလေလေ စိတ်ရောဂါ ကပ်ဆိုးကြီးကို ပိုမိုမြန်ဆန်စွာ လျှော့ချနိုင်လေပဲ။
ဒီအချက်တွေက သင့်ကို ခက်ခဲတဲ့အရာတွေကို လုပ်ဆောင်ဖို့ စိတ်အားထက်သန်စေမှာလား။