Squid Game Season 3 က အဆုံးသတ်ကောင်းတယ်လို့ ချီးကျူးခဲ့တဲ့ မင်းသား Lee Jung-jae
Squid Game ဖန်တီးသူ Hwang Dong-hyuk က Season 3 ရဲ့အဆုံးသတ်နဲဲ့ ပတ်သက်ပြီး ကောင်းလား၊ မကောင်းလား ဆုံးဖြတ်ရခက်နေပေမယ့် မင်းသား Lee Jung-jae ကတော့ “ဖျော်ဖြေမှုအပြည့်နဲ့ အဆုံးသတ်ထား” လို့ ချီးကျူးခဲ့ပါတယ်။
အားလုံးသိကြတဲ့အတိုင်း ကောင်းတဲ့အရာတွေဟာလည်း တစ်နေ့မှာ ပြီးဆုံးရမှာပါပဲ။ Netflix ရဲ့ အကြီးမားဆုံး Show ဖြစ်တဲ့ Squid Game ဟာလည်း လာမယ့် Season 3 နဲ့အတူ အဆုံးသတ်တော့မှာပါ။
ဒါ့အပြင် Front Man အဖြစ်သရုပ်ဆောင်တဲ့ Lee Byung-hun ကတော့ ဒီအဆုံးသတ်က တစ်ခုခုရဲ့ အသစ်ဖြစ်နိုင်တယ်လို့ပြောပါတယ်။
“Hwang ဒါရိုက်တာက ဒါကို အဆုံးသတ်လို့ ပြောနေပေမယ့်၊ ကျွန်တော် ပထမဆုံးဖတ်ကြည့်တော့ ဒါက အဆုံးသတ်တစ်ခုဖြစ်နိုင်သလို ၊ တစ်ချိန်တည်းမှာ အသစ်တစ်ခုရဲ့ အစလည်း ဖြစ်နိုင်တယ်လို့ ခံစားရတယ်။ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ပါ။ ဒါပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်မှုနဲ့ ထောက်ခံမှု တိုးလာရင်၊ ဘာဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ဘူးလေ။” လို့ပြောပါတယ်။
Squid Game Season 3 ဟာ ဒီဇွန်လ ၂၇ ရက်နေ့မှာ Netflix မှာ စတင်ပြသမှာဖြစ်ပါတယ်။

image