The Mummy Reboot ရိုက်ကူးရေးပြီးပြီ
ဇွန် ၂၅၊ ၂၀၂၅။
သရုပ်ဆောင် Tom Cruise ရဲ့ ၂၀၁၇ ရုပ်ရှင် The Mummy အပြီးမှာ ပထမဆုံးထွက်ရှိလာမယ့် The Mummy ရုပ်ရှင်သစ်ကတော့ ဒီကနေ့မှာ ရိုက်ကူးရေးပြီးခဲ့ပြီဖြစ်ပါတယ်။
ဧပြီ ၁၇၊ ၂၀၂၇ မှာ ရုံတင်ပြသမယ့် အဆိုပါ The Mummy ရုပ်ရှင်သစ်ကို Evil Dead Rise ဒါရိုက်တာ Lee Cronin က ရေးသားရိုက်ကူးကာ နာမည်ကြီး horror ရုပ်ရှင်ကုမ္ပဏီတွေဖြစ်တဲ့ Atomic Monster နဲ့ Blumhouse တို့က ပူးတွဲထုတ်လုပ်ထားကာ Warner Bros. နဲ့ New Line Cinema ကုမ္ပဏီတွေက တာဝန်ယူဖြန့်ချိပြသမှာဖြစ်ပါတယ်။
The Mummy ရဲ့ ဇာတ်လမ်းအကျဥ်းကိုတော့ မသိရသေးပေမယ့် Midsommar သရုပ်ဆောင် Jack Reynor (အပေါ်-ယာဘက်) နဲ့ Moon Knight သရုပ်ဆောင် May Calamaway (အပေါ်-ဝဲဘက်) အပြင် Laia Costa (အောက်-ဝဲဘက်) နဲ့ Verónica Falcón (အောက်-ယာဘက်) တို့လည်း ပါဝင်ထားကြပါသေးတယ်။
