Rating တွေ တဖြည်းဖြည်းကျနေတဲ့ Marvel ရဲ့ Ironheart
Marvel ရဲ့ Ironheart ဟာ ထွက်လို့ ထွက်မှန်းတောင်မသိတဲ့ အခြေနေမျိုးတွေနဲ့မို့လို့ Delay ဖြစ်ပြီး Rating စနစ်တွေမှာ အားနည်းလျက်ရှိပါတယ်။
ဒီစီးရီးဟာ ရက်အချိန်းပြောင်းလဲမှုတွေ အကြိမ်ကြိမ်ဖြစ်ပြီးနောက် အခုမှာတော့ Disney+ မှာ ပထမဆုံး အပိုင်း ၃ ပိုင်းထွက်ရှိလာတာဖြစ်ပါတယ်။
Dominique Thorne က Black Panther: Wakanda Forever မှာ Riri Williams အဖြစ် ပထမဆုံးပါဝင်ခဲ့ပြီး၊ သူ့ရဲ့ ကိုယ်ပိုင်စီးရီး Ironheart နဲ့အတူ ပွဲဦးထွက်လာတာဖြစ်ပါတယ်။
အခုတော့ Ironheart ဟာ Rotten Tomatoes မှာ ဝေဖန်သူ ၂၁ ဦးရဲ့ သုံးသပ်ချက်အရ ၇၁% နဲ့ Fresh အဆင့်ရရှိထားပါတယ်။ ဒါပေမယ့် ဒီအဆင့်ဟာ တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ Marvel ရဲ့ တခြားစီးရီးတွေဖြစ်တဲ့ She-Hulk: Attorney at Law၊ Moon Knight နဲ့ Loki တို့လို ၇၀-၈၀% အတွင်း ရှိနေတာဖြစ်ပါတယ်။
ဝေဖန်သူတွေကတော့ စီးရီးမှာ အားနည်းချက်တချို့ရှိတယ်လို့ ထောက်ပြထားပေမယ့်၊ လူမှုကွန်ရက်ပေါ်က တုံ့ပြန်မှုတွေကတော့ ရောထွေးနေပါတယ်။ Ironheart မှာ ချစ်စရာကောင်းတဲ့ အချက်တွေ အများကြီးရှိပေမယ့် ဝေဖန်သူတချို့က စီးရီးတစ်ခုလုံးကို သိပ်မကြိုက်ကြဘူးလို့သိရပါတယ်။
Riri Williams ဟာ Marvel ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်ကောင်တစ်ဦးဖြစ်ပြီး၊ သူ့ရဲ့ ရုပ်ရှင်ပုံဖော်မှုဟာ ရုတ်တရက်ထွက်လာတဲ့ ပုံစံမို့လို့ အားလုံးကတော့ အကြိုက်မတွေ့သလို ဒီ Series အပေါ် အလေးအနက်မထားကြတာတွေ့နေရပါတယ်။ ပြောရရင်တော့ Marvel Fan တွေကလွဲလို့ တခြားသူတွေ အနေနဲ့ သိပ်ပြီး Hype နေကြတာမျိုးတော့မဟုတ်ပါဘူး။
ဒီ Series မှာ Anthony Ramos က Parker Robbins အဖြစ်နဲ့ Alden Ehrenreich က Riri ရဲ့ သူငယ်ချင်း Joe McGillicuddy အဖြစ် ပါဝင်ထားပါတယ်။

image