8 ပတ် - ဘာသာပြန်ပါ။

James Bond ရုပ်ရှင်သစ်အတွက် ဒါရိုက်တာရွေးချယ်ပြီးစီး
ဇွန် ၂၆၊ ၂၀၂၅။
Amazon MGM ဟာ Daniel Craig ရဲ့ James Bond ရုပ်ရှင် No Time To Die အပြီးမှာ နောက်ထပ် James Bond ရုပ်ရှင်တစ်ကားကို အခြားသရုပ်ဆောင်တစ်ယောက်နဲ့ ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပါတယ်။
အဆိုပါ James Bond ရုပ်ရှင်သစ်အတွက် ပြသရက်၊ သရုပ်ဆောင်နဲ့ ဇာတ်လမ်းအကြောင်းအရာတွေကို မသိရသေးပေမယ့် ဒါရိုက်တာနေရာကိုတော့ သိရှိရပြီဖြစ်ပါတယ်။ Sicario, Prisoners နဲ့ Dune ရုပ်ရှင်တွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Denis Villeneuve က တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပြီး Amy Pascal နဲ့ David Heyman တို့က ထုတ်လုပ်သူတွေအဖြစ် တာဝန်ယူထားကြောင်း သိရှိရပါတယ်။
သရုပ်ဆောင် Daniel Craig ရဲ့ James Bond ရုပ်ရှင်တွေအပြီးမှာ James Bond ရုပ်ရှင်တွေရဲ့ ထုတ်လုပ်ဖြန့်ချိရေးကုမ္ပဏီဖြစ်တဲ့ MGM (ယခု Amazon MGM) က အခြားသရုပ်ဆောင်တစ်ဦးနဲ့ James Bond franchise ကို အသစ်ကနေပြန်လည်စတင်မှာဖြစ်ပါတယ်။
စာရေးဆရာ Ian Fleming ရဲ့ စုံထောက်ဝတ္ထုတွေဖြစ်တဲ့ James Bond ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထုတ်လုပ်ခဲ့တာဟာ ဝါရင့်မင်းသားကြီး Sean Connery ရဲ့ Dr. No ကနေ သရုပ်ဆောင် Daniel Craig ရဲ့ No Time To Die ရုပ်ရှင်အထိဖြစ်ပါတယ်။ Dr. No ကနေ No Time To Die အထိ James Bond ရုပ်ရှင်ပေါင်း ၂၅ ကားအထိ ထွက်ရှိထားတာဖြစ်ပြီး Sean Connery, George Lazenby, Roger Moore, Timothy Dalton, Pierce Brosnan နဲ့ Daniel Craig တို့ဟာ MI6 အေးဂျင့် James Bond အဖြစ် သရုပ်ဆောင်ခဲ့ကြပါတယ်။

image