စက်ပျ-က်၍ရပ်ထားသည့် အဝေးပြေးခရီးသည်တင်ကား၏နောက်ပိုင်းကို အဝေးပြေးခရီးသည်တင်ကားကဝင်တို-က် (၁၀)ဦးဒဏ်ရာရ
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် စက်ပျ-က်၍ရပ်ထားသည့် အဝေးပြေးခရီးသည်တင်ကား၏နောက် ပိုင်းကို အဝေးပြေးခရီးသည်တင်ကားကဝင်တို-က်မိခဲ့မှု ဇွန် ၂၆ ရက်နံနက် ၄ နာရီ ၁၅ မိနစ်ခန့်ကဖြစ် ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၇၀/၃ နှင့် ၇၀/ ၄ ကြားတွင် စက်ပျ-က်၍ရပ်ထားသော YUTONG (အပြာရောင်)အဝေးပြေးခရီးသည်တင်ကား၏ အနောက်ပိုင်းအား SCANIA (အနီရောင်)အဝေးပြေးခရီးသည်တင်ကားမှဝင်တို-က်မိခဲ့သဖြင့် ဥသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် SCANIA (အနီရောင်)အဝေးပြေးခရီးသည်တင်ကားပေါ်မှ အမျိုးသား(၅)ဦး၊ အမျိုးသမီး(၄)ဦးနှင့် ကလေးငယ်(၁)ဦး(စုစုပေါင်း ၁၀ ဦး)တို့တွင် ထိခို-က်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)ရရှိခဲ့ရာ ၁၉၂ သူနာတင်ယာဉ်၊ ကြက်ခြေနီသူနာတင်ယာဉ်တို့ဖြင့် မြို့ချောင်းတို-က်နယ်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


