ဆီးချိုရောဂါ(၂)မျိုးအကြောင်း
Type (1) ဆီးချို ပုံစံကတော့ autoimmune ပြသနာကြောင့်ဖြစ်ပြီး သွေးတွင်း သကြားဓာတ်ကို ကျစေတဲ့ insulin ကို ခန္ဓာကိုယ်က မထုတ်ပေးနိုင်တဲ့အခါ သွေးတွင်း သကြားဓာတ် မြင့်တက်စေပါတယ်။ ဆီးချိုလူနာ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းမှာ တွေ့ရတတ်ပြီး အရွယ်မရွေးမှာ ဖြစ်နိုင်ပါတယ်။
Type (2) ဆီးချိုပုံစံက အတွေ့များရပြီး အသက် ၄၀ ကျော်တွေမှာ ဖြစ်တာ ပိုတွေ့ရပါတယ်။ ခန္ဓာကိုယ်က insulin ကို မတုံ့ပြန်တော့ဘဲ နေတဲ့အခါ သွေးတွင်း သကြားဓာတ် စုပုံလာပြီး ဆီးချို၊ သွေးချိုဖြစ်လာပါတယ်။
အပေါ်မှာ ပြောထားတဲ့ နာတာရှည်ဆီးချို၊သွေးချို၂ မျိုးအပြင် Prediabetes နဲ့ Gestational Diabetes ဆိုပြီး ရှိပါသေးတယ်။
Prediabetes ကတော့ သွေးတွင်းဆီးချိုဓာတ်မြင့်နေပေမယ့် ဆီးချို၊ သွေးချိုရောဂါလို့ သတ်မှတ်ရလောက်တဲ့ အဆင့်မရှိတဲ့ ပုံစံပါ။
Gestational Diabetes ကတော့ ကိုယ််ဝန်ဆောင်ချိန် သွေးတွင်း သကြားဓာတ်မြင့်တာ ဖြစ်ပြီး ကလေးမွေးဖွားပြီးရင် ပျောက်သွားပါတယ်။
Type (1) ဆီးချို အမျိုးအစားကတော့ ခန္ဓာကိုယ်က Insulin ကို မထုတ်ပေးနိုင်တဲ့အတွက် ပြင်ပ Insulin ကိုရယူခြင်းဖြင့် ကုသရပါတယ်။
Type (2) ဆီးချို အမျိုးအစားကိုတော့ သောက်ဆေး၊ ထိုးဆေးတွေ အပြင် Insulin နဲ့ပါ တွဲပြီး ကုသပုံ ကုသနည်းအမျိုးမျိုး ရှိပါတယ်။
အပေါ်မှာ ပြောတာလေ ပြန်ဆက်ရရင် အဖေ့ သူငယ်ချင်းဖြစ်တဲ့ ဦးလေးက သူနေ့တိုင်းစားနေတဲ့ အရွက်မှာ သွေးချိုကျတဲ့ဓာတ် ပါကောင်း ပါ ပါလိမ့်မယ်။
ဒါပေမယ် တကယ်စနစ်တကျ နဲ့ သွေးချိုကို ထိန်းထားတာမဟုတ်တဲ့အတွက် နောက်ဆက်တွဲ ဆိုကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးတွေ အနေနဲ့
နှလုံးရောဂါ၊ လေဖြတ်ခြင်း
အာရုံကြောထိခိုက်ခြင်း
မျက်စိအမြင်ထိခိုက်ခြင်း နဲ့ မျက်လုံးကွယ်ခြင်း
အကြားအာရုံထိခိုက်ခြင်း
ခြေလက် အနာများ ပိုးဝင်ပြီး လွယ်လွယ်နဲ့ အနာမကျက်ခြင်း
အရေပြားရောဂါ
စိတ်ကျရောဂါ
ဦးဏှောက်ထိခိုက်ခြင်း
စတာတွေဖြစ်နိုင်ပါတယ်။

image