#မြွေတစ်ကောင်ကကိုက်သွားတာကို
မြွေနောက်လိုက်ပီး
ဘာလို့ ငါ့ကို ကိုက်သွားတာလဲလိုက်မမေးပဲ
ကိုယ့်ခန္ဓာကိုယ်ထဲက
အဆိ-ပ်ကိုပဲ အရင်ထုတ်လိုက်ပါတဲ့"
အဲ့လိုပဲလေ
ကျွန်တော်တို့ဘဝမှာလဲ
ဘာကောင်းကျိုးမှမပေး
သိမ်ငယ်ဝမ်းနည်းစရာတွေ ဆိုးကျိုးတွေသာ
အမြဲပေးတဲ့
အဆိ-ပ်လိုလူတွေအတွက်
အချိန်ဖြုန်းနေမဲ့အစား
ကိုယ့်ဘဝကို ပျော်ပျော်ရွှင်ရွှင် လှလှပပနဲ့
မြင့်သထက်မြင့်အောင် ကြိုးစားရုန်းကန်ရင်း
ကိုယ့်အနီးအနားက
ကိုယ့်အပေါ် ကြင်ကြင်နာနာ နွေးနွေးထွေးထွေး
ဆက်ဆံပေးနေသူတွေအပေါ်
အဆိ-ပ်မဖြစ်မိအောင် နေပေးတာဟာ
အကောင်းဆုံးပါလေနော်🫶🏻
