🔞 ၁၈ နှစ်အောက် မဖတ်ရ 🔞
(ဤစာအုပ်တွင် ထိတ်လန့်တုန်လှုပ်စရာ ဇာတ်ဝင်ခန်းများ ပါဝင်သောကြောင့် အသက် ၁၈ နှစ်အောက် လူငယ်များ
မဖတ်သင့်ပါ။)
“ စောစောက အလင်းရောင်ကို တမ်းတခဲ့မိသလောက်
အခုတော့ ..အရာအားလုံးမှောင်ကျသွားရင် ကောင်းမှာပဲ..
ဆိုပြီး ကျွန်တော် ဆုတောင်းမိတယ်။ ”
လူခြေတိတ်ချိန်မှာ ဆိတ်ငြိမ်စွာ ဖတ်သင့်တဲ့ ကြောက်စရာ ပုံပြင်တစ်ပုဒ် စကားဝါ ... ဟာ ပျက်စီးသွားတဲ့ ရည်ရွယ်ချက်တစ်ခုရဲ့ လက်ကျန်တည်နေရာ ။ စကားဝါကို ရောက်တဲ့အခါ နေရာသစ်တစ်ခုကို ရောက်လာတဲ့ ခံစားချက်မျိုး မခံစားရဘူး ။ အိုဟောင်းနေတဲ့ အိပ်မက်ဆိုးထဲ ဝင်တိုးလိုက်ရသလို အုံ့မှိုင်း ခြောက်သွေ့သွားစေတယ် ။
အဲဒီနေရာ.. အဲဒီ စကားဝါ ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ဆိုးတစ်ခု ။ အသက်ပေးလိုက်ရတဲ့ လူ ၉ ယောက် ။
မသေဘဲ ကျန်ရစ်ခဲ့တဲ့ တစ်ယောက်က မင်းခန့်ထူး ဆိုတဲ့ ကောင်လေး ။
နှစ်ပေါင်းများစွာ ကြာသွားပြီးတဲ့အခါ ....
သူဇာလွင်.... ဆိုတဲ့ သတင်းထောက် တစ်ဦး ။
သူက အင်မတန် အလုပ် ကြိုးစားတဲ့ ၊ ရည်မှန်းချက်ကြီးတဲ့သူ ။ တစ်နေ့မှာ စကားဝါအဖြစ်ဆိုးရဲ့ သံသယ တရားခံ မင်းခန့်ထူး နဲ့ အင်တာဗျူးဖို့ အခွင့်ရသွားတယ်။
စကားဝါရဲ့ နောက်ကြောင်းကို ဘယ်သူ့ကိုမှ မပြောပြဘဲ
ရေငုံနှုတ်ပိတ်နေ ၊ စွပ်စွဲသမျှကို ပြန်မပြော နားမထောင်
ကျောခိုင်းထားတဲ့ မင်းခန့်ထူးက သူဇာလွင်နဲ့ တွေ့ချင်တယ် ။ စကားဝါအကြောင်း အပြည့်အစုံ ပြောပြချင်တယ်ဆိုပြီး ကမ်းလှမ်းလာတယ် ။
ဒီနှစ်ယောက်ရဲ့ အပြန်အလှန် အမေးအဖြေတွေထဲမှာ စကားဝါရဲ့ ကြောက်စရာ ၊ ရင်နင့်စရာ ပြီးတော့ မယုံနိုင်စရာ ဇာတ်လမ်းက တစ်စပြီးတစ်စ ရုပ်လုံးပေါ်လာတယ်
အမှောင်ဘက်က အတ္တ ၊ လောဘ နဲ့ ဇော ၊ အလင်းဘက်က ရဲရင့်ခြင်း ၊ မေတ္တာ နဲ့ ချစ်ခြင်းတရား ၊ ဒီအရာတွေရဲ့ အားပြိုင်မှုတွေ ။ နှစ်ပေါင်းများစွာ သိုဝှက်ဖုံးကွယ်ထားတဲ့ ခြောက်ခြားစရာ လျှို့ဝှက်ချက်တွေ ။
ပြီးတော့ စကားဝါ ဖြစ်ရပ်မှာ ဘယ်သူမှ မတွေ့လိုက်
မမြင်လိုက်တဲ့ ဆယ့်တစ်ယောက်မြောက် လူတစ်ယောက် အကြောင်း....
#စကားဝါ #ချမ်းမြေ့ဝင်း
