8 w - Translate

သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ လူ့ဦးနှောက်ဟာ ၂.၅ သန်း ဂစ်ဂါဘိုက် (2.5 million gigabytes) လောက်ရှိတဲ့ အချက်အလက်တွေကို သိုလှောင်ထားနိုင်တယ်လို့ ဆိုပါတယ် ဒီပမာဏဟာ နာရီပေါင်း ၃ သန်း (3 million hours) ကြာတဲ့ ဗီဒီယိုပတွေကို သိမ်းဆည်းထားနိုင်တဲ့ပမာဏနဲ့ တူညီပါတယ် ဒါဟာ Google လိုမျိုး ကြီးမားတဲ့ ပလက်ဖောင်းတွေ နဲ့ ကမ္ဘာပေါ်က အကြီးဆုံး ဒစ်ဂျစ်တယ်ဒေတာစင်တာတစ်ချို့ရဲ့ သိုလှောင်နိုင်စွမ်းထက်တောင် ပိုမိုများပြားပါတယ်
ဦးနှောက်ထဲမှာ သတင်းအချက်အလက်တွေကို ပေးပို့တဲ့ ဆဲလ်လေးတွေဖြစ်တဲ့ နျူရွန် (neurons) ပေါင်း ဘီလီယံရာချီ ရှိပါတယ် ဒီ နျူရွန်တွေကြားမှာ ဆက်သွယ်ပေးတဲ့ နေရာတွေကို ဆိုင်းနပ်စ် (synapses)လို့ ခေါ်ပါတယ် ဆိုင်းနပ်စ်တစ်ခုတည်းကတောင် မတူညီတဲ့ ပုံစံမျိုးစုံနဲ့ အချက်အလက်တွေကို သိုလှောင်နိုင်တဲ့ စွမ်းရည်ရှိတာကြောင့် မှတ်ဉာဏ် သိုလှောင်နိုင်စွမ်းဟာ သိသိသာသာများပြားတာဖြစ်ပါတယ်
#knowledge #ဗဟုသုတ

image