Vera C. Rubin မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဒစ်ဂျစ်တယ်ကင်မရာ ဖြစ်ပြီး ပုံရိပ်တွေကို အလွန်မြင့်မားတဲ့ ရုပ်ထွက်ကြည်လင်မှု resolution နဲ့ ရိုက်ကူးနိုင်စွမ်းရှိပါတယ်။ ဒီကင်မရာမှာ 3.2 Gigapixels (3200 Megapixels) ရုပ်ထွက်ရှိတဲ့ အာရုံခံနိုင်စွမ်းမြင့်မားတဲ့ Charge-Coupled Devices (CCDs) ပေါင်း ၁၈၉ ခု ပါဝင်ပါတယ်။ သာမန်စမတ်ဖုန်းကင်မရာတွေထက် အဆပေါင်းများစွာ ပိုမိုမြင့်မားတဲ့ ရုပ်ထွက်ဖြစ်ပါတယ်။
