အဖေ က အပေါ်ထပ်ဘုရားခန်းမှာ
ဘုရားဝတ်ပြုဖို့ ပြင်နေတယ်။
အမေ က အောက်ထပ်မီးဖိုထဲမှာ
နံက်စာအတွက် ပြင်ဆင်နေတယ်။
တက္ကသိုလ်ကျောင်းသူ မိနွဲ့နှောင်းက ကျောင်းသွားဖို့
အလှပြင်နေတယ်။
ခဏနေလို့ အလှလည်းပြင်ပြီးရော အပေါ်ထပ်ကနေ
လှေခါးအတိုင်း တဒုန်းဒုန်းနဲ့
ပြေးဆင်းသွားရင်း
ပါးစပ်ကလည်း အော်သွားတယ်.. ...
'မေမေရေ၊ ကော်ဖီသောက်တော့မယ်.. ဒုန်း ဒုန်း ဒုန်း'
အဲဒီမှာ ဘုရားခန်းထဲက သူ့အဖေက လှမ်းခေါ်တယ်.. ...
'ဟဲ့ သမီး၊ အပေါ်ပြန်တက်ခဲ့စမ်း'
ရှုံ့မဲ့မဲ့နဲ့ ပြန်တက်လာတယ်။
သူ့အဖေက ဆူတာပေါ့... ...
'သမီးကို ဘယ်နှစ်ခါပြောရမလဲ၊
မိန်းကလေးပီပီသသ
နေပါထိုင်ပါလို့၊
လှေခါးဆင်းတာ
ဒီလောက်ကြမ်းရသလား၊
သွား.. ခုပြန်ဆင်း၊
ဘာသံမှ မကြားချင်ဘူး'
စကားနားထောင်ပုံရတယ်၊ ဘာသံမှမကြားလိုက်ရဘူး
မီးဖိုထဲရောက်လာတော့
အမေက မေးတယ်... ...
'ဖေဖေဆူတာလည်း စိတ်မညစ်ပါနဲ့ သမီးရယ်၊
သမီးကို အိနြေ္ဒ အမျိုးကောင်းလေး
ဖြစ်စေချင်လို့ပါ'
'သမီးနားလည်ပါတယ် မေမေ'
'အေးအေး၊ သမီးလေးက လိမ္မာပါတယ်ကွယ်၊
ဒါနဲ့ ခုနက ခြေသံမကြားအောင်
ဘယ်လိုများ
ဆင်းလာတာလဲ သမီးရဲ့'
'လှေခါးလက်ရမ်းကို ခွပြီး
လျောချလိုက်တာ...'
#crd_to_owner
