1 ပတ် - ဘာသာပြန်ပါ။

❛ ချစ်ခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊
မိသားစုဘဝ၊ မိတ်ဆွေဖွဲ့ခြင်း၊ တွေးခေါ်မှု၊
အလုပ်လုပ်ခြင်း၊ ခေါင်းဆောင်မှု၊
အိုခြင်းနှင့် ပျော်ရွှင်ခြင်း စသဖြင့်
အဓိပ္ပာယ်ရှိသော
ဘဝတခု ဖြစ်မြောက်ရေး လမ်းညွှန်ကျမ်း ❜
• • •
အလုပ်တခုကို လုပ်ရင် ကိုယ်လုပ်တဲ့အလုပ်ဟာ အောင်မြင်ရမယ်လို့ယုံကြည်ရမယ်။
ရည်မှန်းချက်တခုကို
မှန်ကန်စွာရွေးချယ်မိပြီဆိုရင်
ကိုယ့်ရဲ့စွမ်း ပကားတွေဟာ ထက်သန်လာပြီး
ရှေ့မှာ ရှိတဲ့ အတားအဆီးတွေကို
အောင်မြင် အောင် လုပ်ပေးလိမ့်မယ်။
လက်တွေ့ လုပ်လို့ မရတဲ့၊
အောင်မြင်နိုင်စရာ မရှိတဲ့
ရည်မှန်းချက်တွေကို ထားတာဟာ
အချည်းနှီး အကျိုးမဲ့လည်း ဖြစ်တယ်၊
အန္တရာယ်လည်း များတယ်။
ရှုံးနိမ့်မှုဟာ မိမိကိုယ်ကိုယ် ယုံကြည်မှုနဲ့
ခွန်အား သတ္တိတို့ကို ပျက်စီးစေတယ်။
ဆရာကြီး ဂါထေးဟာ
လူငယ်ကဗျာဆရာတွေကို
မဟာကဗျာကြီးတွေကို ရေးဖို့
ကြိုးစားမယ့်အစား လင်္ကာတိုကလေးတွေ၊
ကဗျာ တိုကလေးတွေ ရေးဖို့
အကြံပေးလေ့ရှိတယ်။
ကျွန်တော်တို့တတွေဟာ အခိုင်ထဲမှာ ရှိတဲ့
အကောင်းဆုံး စပျစ်သီးကို စားရမယ်လို့
ဆင်မျူယယ်ဘတ်တလာ က ပြောလေ့ရှိတယ်။
ခက်ခဲနက်နဲတဲ့ ကျမ်းကြီးကျမ်းခိုင်တစောင်ကို
ရေးရင် အလွယ်ဆုံး၊ အရှင်းဆုံး အပိုင်းက
ရေးရမယ်ဆိုတဲ့ သဘောဟာ
တော်တော် ယုတ္တိရှိတဲ့ အတွေးပဲ။
တချီတည်းနဲ့ ပြီးအောင် မလုပ်နိုင်တဲ့
ရေရှည်လုပ်ငန်းကြီးတခုကို တပိုင်းစီ
တဆင့်စီ ခွဲလုပ်ရလိမ့်မယ်။ ဒီလို တဆင့်စီ
တပိုင်းစီ လုပ်တဲ့အခါမှာ ရှိသမျှ
ကိုယ်စွမ်းအား ဉာဏ်စွမ်းအားကို
အကုန် ထည့်သုံးရမယ်။
အဲဒီအဆင့် ကနေ ကျော်ပြီး
ရှေ့အဆင့်ကို လှမ်းမကြည့်ပါနဲ့ ။
• • •
▫️မြသန်းတင့် - ဘဝနေနည်းအနုပညာ

image