1 ပတ် - ဘာသာပြန်ပါ။

ကျွန်တော်တို့မှာ သတ္တိနှစ်မျိုးရှိတယ်။
ကိုယ်သတ္တိနဲ့ စိတ်သတ္တိ။ တစ်နည်း
ပြောရရင် ဗျတ္တိနဲ့ သတ္တိပေါ့။
သတ္တိဆိုတာ လောကဓံကို ရင်ဆိုင်ရဲတာ။
ဆင်းရဲတာ ကို ရင်ဆိုင်ရဲတယ်။
ချမ်းသာတာကိုလည်း ကျော်လွှားရဲတယ်။
နိမ့်တာကိုလည်း ခံနိုင်တယ်။
မြင့်တာကိုလည်း ခံနိုင်တယ်။
ဒါကိုပြောတာလို့ ကျွန်တော်ထင်တယ်။
“သုခမြို့တော်”ကို ဖတ်လိုက်တော့
သူတို့လောက် ဆင်းရဲတာ
သူတို့လောက် ဒုက္ခရောက်တာ၊
သူတို့လောက် အောက်ကျနောက်ကျ
ဖြစ်တာဟာ ရှိမယ်လို့တောင်
မထင်ရတော့ဘူး။ ဒါပေမယ့်
အဲဒီက ဇာတ်ဆောင်တွေဖြစ်တဲ့
ဟာစရီပါး၊ ဖန်ဒူနာ၊ မာသာထရီဇာ စတဲ့
ဇာတ်ဆောင်တွေဟာ သူတို့ဘဝကို
ရဲရဲကြီးရင်ဆိုင်သွားကြ တယ်။ဒါကြောင့်မို့
ဝတ္ထုဇာတ်လမ်းကိုကြည့်လိုက်ရင်
စိတ်ညစ်စရာကောင်းတယ်လို့
ထင်ရပေမယ့် သူတို့တစ်တွေ
ရုန်းကန်လှုပ်ရှားပုံကိုကြည့်ရင်း
အားတက်ရတယ်။ သတ္တိရှိလာရတယ်
ဒါကြောင့်မို့ ဒီဝတ္ထုကို ကျွန်တော်
ဘာသာပြန်ခဲ့တာပါ။ တခြား ပြန်ချင်တာ၊
ရေးချင်တာတွေ ရှိပေမယ့် အဲဒီအချိန်မှာ
အဲဒီဝတ္ထုလောက် ခံစားချက်
မပြင်းထန်ဘူး။ ဒီဝတ္ထုဟာ
ကျွန်တော်တို့အဖို့ ဒီအချိန်မှာ
လိုအပ်တယ်လို့ ထင်လို့ ပြန်လိုက်တာပါပဲ။
• သုခမြို့တော်ထဲကစိတ်သတ္တိ / မှ •

image