1 ပတ် - ဘာသာပြန်ပါ။

❝ အောင်ပင်လယ် တာတစ်ရိုးမှာ
ရွှေမိုးတွေ ညို့ပြီ မခင်ပျို။
မိုးရွာမယ် မထင်မိပါလို့
တဘက်ကလေး မပါပေမဲ့
ကျွန်တော့်ရင်ခွင်မှာ မိုးခိုလို့ရပါတယ်။
မိုးတွေ သည်းလိုက်တာ။
မိုးရွာတဲ့နေ့ကို သတိရလိုက်တာ။
စုတ်ချာယိုင်ရွဲ့တဲ့ လက်ဖက်ရည်ဆိုင်ကလေးရဲ့
တံစက်မြိတ်စွန်းမှာ နေရောင်ခြည်ကလေး
တစ်စက် လက်နေတယ်။ မိုးစက်မိုးပွင့်
ကန့်လန့်ကာကိုဖြတ်လာတဲ့ နေရောင်ခြည်ဟာ
မခင်ပျိုပြုံးတာနဲ့ သိပ်တူတာပဲ။
ကျွန်တော့် အနားမှာ သစ္စာမဲ့သူတွေ
ဝိုင်းဝိုင်းလည်နေလိုက်ကြတာ။
ဘာဆိုင်တာမှတ်လို့ လို့
မခင်ပျိုကတော့ပြောလိမ့်မယ်။
အဲဒီအခါမှာ မခင်ပျိုကို သတိရတယ် ❞
▫️ဇော်ဇော်အောင်▫️

image