1 ပတ် - ဘာသာပြန်ပါ။

ဟာ့ကျင်းရဲ့ သူ ဖြတ်သန်းခဲ့ရတဲ့
ယဉ်ကျေးမှုတော်လှန်ရေးကာလ
အတွေ့အကြုံတွေဟာ သူ့ဝတ္ထုတွေထဲမှာ
ထင်ဟပ်နေတယ်။ သူက အတုံးလိုက်
အတစ်လိုက် မရေးဘူး။
တရုတ်ပြည်သူတို့ရဲ ဘဝအထွေထွေကို
သရော်တဲ့နည်းနဲ့ ဖော်တယ်။
အမြီးအမောက် မတည့်တာတွေ
ကြိတ်ပြုံး ရအောင် အသာလှစ်ပြတယ်။
“မျှော်” မှာတော့
ဆရာဝန်ကလေး လင်းကောင်း။
သူ့မိဘတွေကို ပြုစုနေတဲ့ ရိုးရိုးအအ
တောသူမဇနီး ရှူးယု။ လုပ်ငန်းခွင်က
သူနာပြုဆရာမ ကလေး မာနာဝူး။
အသက်ရှူကျပ်ချင်စရာကောင်းတဲ့
သုံးပွင့်ဆိုင် ဇာတ် လမ်းမှာ ခရီးသွားဟန်လွဲ
ဝင်ပြီး အပန်းဖြေသွားတဲ့ ပါတီက
အာဏာရှိ လူကြီးတယောက်အကြောင်းပါ
ထည့်ရေးတယ်။ ပြီးတော့ လူနေမှုစနစ်
ဟန်မကျပုံနဲ့ တရားစီရင်ရေး ချာတူးလန်ပုံ
တွေပါ ရောသမမွှေပြီး နာနာ ကြည်းကြည်း
ကလိထားတယ်။
_ _ _ _ _ _ _ _ _ _ _ _
▪️WAITING / HA JIN
▪️မျှော် / တင်မောင်မြင့်

image