1 w - Translate

ဤဝတ္ထုကို ဖတ်ရသူတိုင်း မျက်ရည်စို့ပြီး
ရင်နင့်အောင် ခံစားခဲ့ကြရပါသည်။
ထို့ကြောင့် စာဖတ်သူအချို့က
တကယ့်အဖြစ်အပျက်ကိုများ
အခြေခံထား လေသလားဟု ထင်မှတ်ခဲ့ကြပါသည်။တချို့ကလည်း တကယ့်လက်တွေ့ ဘဝမှာ
ဒီလောက် ပုံပြင်ဆန်သော အဖြစ်အပျက်မျိုး
ရှိနိုင်ပါ့မလားဟု ထောက်ပြကြပါသည်။
ယင်းကိစ္စနှင့်ပတ်သက်၍
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၄ ဒီဇင်ဘာနှင့်
၁၉၈၅ ဇန်နဝါရီ၊ နှစ်လ ဆက်တိုက်
ဖော်ပြခဲ့သော ဆရာသာဓုနှင့် တွေ့ဆုံပေးခြင်း (အင်တာဗျူး) ကဏ္ဍတွင်
တာဝန်ခံတင်ဆက်သူ ဆရာဝင်းငြိမ်းက
❝ ဟုတ်ကဲ့ ဆရာ၊ ကျွန်တော်တို့ ငယ်ငယ်က
ဖတ်ခဲ့ရဖူးတဲ့ အတာ ဝတ္ထုဟာ
ဆရာ့ ဘဝအကြောင်းလို့ ပြောကြပါတယ်၊
ဟုတ်ပါသလား ဆရာ ❞
ဟု မေးမြန်းခဲ့ရာ ဆရာသာဓုက
❝ ဟုတ်ပါတယ်၊ အတာ ဝတ္ထုက
ဆရာ့အကြောင်း ကိုးဆယ်ရာနှုန်းလောက်
ပါတယ်၊ တစ်ခုတော့ရှိတယ်၊ အတာနဲ့
ပတ်သက်ပြီး ဝေဖန်ခံ ရတာရှိတယ်၊
အမေအရင်းက သားအရင်းပေါ်မှာ
ဒါလောက်တောင်မှ စိတ် သဘောထား၊
စေတနာ မေတ္တာ မဲ့ရသလား၊ ဒါလောက်တောင်ယမေတ္တာမဲ့ နိုင်ပါ့မလား၊ ဆိုးနိုင်ပါ့မလားလို့
ဝေဖန်ကြတယ်၊ ဆရာ့ကိုလည်း မေးကြတယ်၊
ဆရာက တစ်ခွန်းတည်းပဲ ပြောလိုက်တယ်၊
ဒီထက် ဆိုးတာတွေတောင် ရှိသေးတယ်၊
ရေးမကောင်းလို့၊ ရေးမဖြစ်လို့ မရေးတာလို့ ❞
• စီစဥ်သူ၏အမှာစာ / မှ •

image