Windows မှာ beta ရလာတဲ့ Perplexity ရဲ့ AI browser
နာမည်ကြီး AI search engine တစ်ခု ဖြစ်တဲ့ Perplexity က Comet browser ကို Windows အတွက် စပေးသုံးနေပါပီ။
Comet က Windows ဗားရှင်း ထွက်လို့ တချို့ Windows users တွေ အစမ်း beta သုံးလို့ ရပြီလို့ ဆိုပါတယ်။ Comet သုံးချင်ရင် ကိုယ့်အီးမေးလ်နဲ့ waitlist တင်ထားလို့လည်း ရပါတယ်။ Windows ပြီးရင် Android အတွက်လည်း ထွက်မှာဖြစ်လို့ AI browser သုံးချင်တဲ့ users တွေတော့ ပျော်ရဦးမှာပါ။
Perplexity က ဒီနှစ် မေလထဲမှာ Comet beta ဗားရှင်းကို Mac users တွေအတွက် ဖြန့်ချိပါတယ်။ Apple Silicon သုံးတဲ့ Mac တွေအတွက်ပဲ အရင်အစမ်းပေးတာပါ။ Comet က ရိုးရိုး browser မျိုး မဟုတ်ဘဲ Agentic search စနစ်နဲ့ ရှာပေးတဲ့ browser ပါ။ Agentic ဖြစ်လို့ ရိုးရိုး search လို keyword ချပေးရင် links ချပေးလိုက်တာမျိုး မဟုတ်ဘဲ AI က သူ့ဟာသူ သတင်းအချက်အလက် ရှာဖွေ ၊ စုစည်းစိတ်ဖြာပြီး အထိရောက်ဆုံးအဖြေ ထုတ်ပေးနိုင်ပါတယ်။
ဒီ browser မှာ သုံးတဲ့ AI က အမေးအဖြေလုပ်ပေးရုံတင် မဟုတ်ဘဲ အွန်လိုင်းကနေ ဈေးဝယ်ရင် ဈေးသက်သာအောင် dicount တွေ ပရိုမိုးရှင်းတွေပါ AI က လိုက်ရှာပြီး ဈေးသက်သာအောင် လုပ်ပေးနိုင်ပါတယ်။ အီးမေလ်း box ထဲက အရေးကြီး အီးမေးလ်တွေ စာမပြန်ရေသေးရင်လည်း AI က ဆွဲထုတ်ပြတာမျိုး လုပ်နိုင်ပါတယ်။
Comet beta ဗားရှင်းမှာ ပြသွားတဲ့ Try on (ဝတ်ကြည့်လိုက်) ဆိုတဲ့ feature တစ်ခုက တော်တော်မိုက်ပါတယ်။ အွန်လိုင်းက အင်္ကျီတစ်ထည်ကို ကြိုက်လို့ ကိုယ်နဲ့ လိုက်မလိုက် သိချင်ရင် Try on ကနေ ကိုယ့်ပုံကို တင်ပြီး virtual စမ်းဝတ်ကြည့်လို့ ရပါတယ်။ အိမ်မှာနေရင် shopping ထွက်သူတွေအကြိုက် ဖြစ်မယ့် feature ပါ။
အခုထိတော့ Comet က အစမ်း beta ပဲ ရှိဦးမှာပါ။ တရားဝင် ထွက်မယ့်အချိန် မပြောသေးပေမယ့် သိပ်အကြာကြီး စောင့်ရတော့မယ် မထင်ပါဘူး။
