1 w - Translate

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ပူပြင်းတဲ့ ရာသီဥတုအောက်မှာ ကစားနေပြီး နာမည်ကျော်တွေ အသံထွက်လာကြပါပြီ။ ရာသီဥတုပူပြင်းတာကြောင့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသလို ကွင်းမျက်နှာပြင်တွေကလည်း မကောင်းမွန်ဘူးလို့ စောဒကတက်နေကြပြီး ဒိပုံစံနဲ့ ကမ္ဘာ့ဖလားကို ကစားရမယ့်အပေါ် စိုးရိမ်မိတယ်လို့ပါ လေသံပစ်လာကြတာပါ။
အမေရိကရဲ့ ပူပြင်းတဲ့ ရာသီဥတုအောက်မှာ ကစားသမားတွေ ရုန်းကန်နေရတာတော့ အမှန်ပါပဲ။ အထူးသဖြင့် ဥရောပသားတွေ တိုင်ပတ်နေပြီး တစထက်တစ အသံထွက်လာရာကနေ အခုဆိုရင် တောင်အမေရိကသားတွေပါ ပြောလာကြပါပြီ။
ပုံမှန်ထက် ပိုပင်ပန်းနွမ်းနယ်နေတာကြောင့် ခြေစွမ်းမပြနိုင်ဘူးလို့ ပြောနေတာပါ။ ပူပြင်းတဲ့ နိုင်ငံက ကလပ်တွေနဲ့ အဲဒီမှာ ကစားနေသူတွေအတွက်တော့ ဒါက သိပ်မှုလောက်စရာမရှိပေမယ့် အများစုအတွက်တော့ အဆင်မပြေဖြစ်နေတာ အမှန်ပါပဲ။ ကာတာနဲ့ ဆော်ဒီမှာလိုမျိုး ကွင်းအတွင်း လေအေးပေးစက်တွေ တပ်ဆင်ထားတာမျိုးလည်း မရှိပါဘူး။ ကမ္ဘာ့ဖလားမှာတော့ ဒီလိုပုံစံအတိုင်းဆိုရင် ပြသနာပေါင်း သောင်းခြောက်ထောင် တက်လိမ့်မယ်ထင်တယ်။

image