#နိုင်ငံတကာသတင်း
◼ဖော်ဒိုးစက်ရုံ အကြီးအကျယ်ပျက်စီးကြောင်း ဂြိုလ်တုပုံရိပ်ပြသနေသော် လည်းအတိုင်းအတာအတည်မပြုနိုင်သေး
အီရန်၏ ဖော်ဒိုးနျူကလီးယားစက်ရုံအပေါ် အမေရိကန်၏ တိုက်ခိုက်မှု၌ မြေ အောက်တွင် နက်ရှိုင်းစွာ မြုပ်နှံ ထားသောစခန်းနှင့်ယင်းစခန်းရှိ ယူရေနီယံ သန့်စင် စက်များ အကြီးအကျယ်ပျက်စီး (သို့မဟုတ်) လုံးဝ ပျက် စီးသွားကြောင်း ဂြိုဟ်တုဓါတ်ပုံများက ပြသနေသော်လည်း ယင်းသို့ပျက်စီးသွားကြောင်းကို အတည်ပြုနိုင်ခြင်း မရှိကြောင်း ပညာရှင်များက ပြောကြားကြသည်။
“သူတို့က မြေအောက် ဘန်ကာခွင်းဗုံးတွေနဲ့ ထိုးဖောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီစခန်းတွေ မီးကင်ခံ လိုက် ရ မယ်လို့ မျှော်လင့်ပါတယ်” လက်ရှိတွင် သိပ္ပွံပညာနှင့်နိုင်ငံတကာလုံခြုံရေး အင်စတီကျူဒ်အား ဦးဆောင်နေသူ ယခင်က ကုလသမဂ္ဂနျူကလီးယားစစ်ဆေးရေးမှူးဟောင်း ဒေးဗစ်အောဘရိုက် က ပြောသည်။
သို့သော်လည်း မြေအောက်ပျက်စီးမှုများကို အတည်ပြု၍မရကြောင်း ဂြိုဟ်တုဓာတ်ပုံနည်းပညာတွင် အထူး ပြု သော CNA Corporation မှ ပူးတွဲသုတေသီ ဒက်ကာအယ်လီဘက်သ် က ပြောပြီး ဂြိုဟ်တု ဓါတ်ပုံများကို ကြည့်၍ ပျက်စီးမှုအတိုင်းအတာကို အကဲဖြတ်ရန် ယင်းစက်ရုံမှာ ၎င်းတို့အတွက် နက်ရှိုင်းလွန်းနေကြောင်း ဆက်ပြောသည်။
ယမန်နေ့ နံနက်ပိုင်းတွင် အမေရိကန် က လုပ်ဆောင်ခဲ့သကဲ့သို့တိုက်ခိုက်မှုများမှ ကာကွယ်ရန် အီရန်က ၎င်းတို့၏ နျူကလီးယားအစီအစဉ် အများစုအား နက် ရှိုင်းသော မြေအောက်မှ အားဖြည့်စခန်းများတွင် ထားရှိပြီး ဖော်ဒိုးမှာ ဆိုလျှင် တောင်စောင်းကို ဖောက်၍ စခန်းအား တည်ဆောက်ထားသည်။
ဂြိုဟ်တုဓါတ်ပုံများတွင် ဘန်ကာခွင်းဗုံးများက တောင်အား ဖောက်ထွင်းဝင်ရောက်သွားသောနေရာများ၌ အ ပေါက် ခြောက်ပေါက်ဖြစ်ပေါ်နေသည်ကို မြင်တွေ့ရသလို မြေပြင်တွင်လည်း ထိခိုက်ပျက်စီးပြီး သဲ နှင့် ဖုန်မှုန့်များ ဖုံးနေသည်ကို တွေ့ရသည်။
တီဟီရန်၏ နျူကလီးယားအစီအစဉ်ကို ရပ်တန့်သွားရန် ရည်ရွယ်ကြောင်း အမေရိကန်နှင့် အစ္စရေးတို့က ပြော ကြားကြသည်။
သို့သော်လည်း အီရန်စက်ရုံများနှင့် စက်ရုံကိရိယာများအား အပြည့်အဝ မဖျက် ဆီးနိုင်ခဲ့ပါက ၎င်းတို့၏ လက် နက်အစီအစဉ်အား အီရန်က အလွယ်တကူပြန်လည် စတင်နိုင်ကြောင်း သိရသည်။
အမေရိကန်က တိုက်ခိုက်မှုမလုပ်မီ လက်နက်အဆင့်အထိ မြင့်မားစွာသန့်စင်ထားသော ယူရေနီယံများအား ဖော် ဒိုးစက်ရုံမှ သယ်ထုတ်ထားပြီး အဆိုပါယူ ရေနီယံများ နှင့် အခြားနျူကလီးယားအစိတ်အပိုင်းများအား အစ္စရေး ၊အမေရိကန် နှင့် ကုလသမဂ္ဂနျူကလီးယား စစ်ဆေးသူများ မသိသော နေရာများသို့ ပြောင်းရွှေ့ထားနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်အများအပြားက သတိပေးပြောကြားကြသည်။
အမေရိကန်၏ တိုက်ခိုက်မှုကြောင့် အီရန်၏ နျူကလီးယားအစီအစဉ်ကို နှစ်အနည်းငယ် နှောင့်နှေး သွား စေ ခြင်း သာ ဖြစ်နိုင်ကြောင်း နှင့် မိမိတို့ မသိသော စခန်းများ ရှိနေသည်မှာ သေချာသလောက်ရှိကြောင်း Middlebury Institute of International Studies မှ ဂျက်ဖရီလူးဝစ် က ပြောသည်။
အမေရိကန်၏ တိုက်ခိုက်မှုက အီရန် နျူကလီးယားအစီအစဉ်ကို ရပ်တန့်သွားရန် ရည်ရွယ်သော်လည်း ၎င်းတို့အား ပိုမိုအရှိန်မြှင့်ပေးလိုက်သလိုလည်း ဖြစ်နိုင်ကြောင်း အရီဇိုးနားမှ အထက်လွှတ်တော်အမတ် မာ့ခ်ကယ်လီ က လည်း ပြောကြားသည်။
ဒီမိုကရက်တစ်ဦးဖြစ်သူ ကယ်လီမှာ အထက်လွှတ်တော်ထောက်လှမ်းရေးကော်မတီအဖွဲ့ဝင်တစ်ဦးအဖြစ် ထောက်လှမ်းရေးသတင်းများအား နေ့စဉ် ကြည့်ရှုသုံးသပ်နေသူဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
