🌿 ဆိတ်ဖူးပင်ဟာ အလွန် ဆေးဖက်၀င်ပါတယ်။ မြန်မာ့တိုင်းရင်းဆေး၊ တရုတ်တိုင်းရင်းဆေးများမှာလည်းဆိတ်ဖူးကို ထည့်သွင်း အသုံးပြုကြပါတယ်။ တိုင်းရင်းသားအများစုရဲ့ ရိုးရာစာလည်း ဖြစ်ပါတယ်။ သိသလောက်တော့ ကချင်၊ ကရင်နီ၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ထားဝယ်နဲ့ ကဒူးတိုင်းရင်းသားများ ဆိတ်ဖူးကို စားသုံးကြပါတယ်။ အနီပင်နှင့် အဖြူပင် နှစ်မျိုးရှိပြီး နှစ်မျိုးလုံး သုံးလို့ရပါတယ်။
🌿 ဆိတ်ဖူးကို အင်ဒိုနီးရှားတွင် (temu kunci) လို့ခေါ်တွင်ပြီး Javanese cuisine ဆိုသော ဟင်းလျာထဲမှာ သူက မပါမဖြစ်ပါ။
🌿 တရုတ်နိုင်ငံတွင်မူ ချက်ပြုတ်စားသည်ထက် ဆေးဝါးအဖြစ် အသုံးများပါတယ်။
🌿ထိုင်းဟင်းလျာ အတော်များများတွင် ဆိတ်ဖူးကို flavouring agents အဖြစ်အသုံးပြုကြပါတယ်။ store ဆိုင်တိုင်းလိုလို မှာ ဆိတ်ဖူးအမြစ်ကို ၀ယ်လို့ရပါတယ်။
🌿မြေအောက်ပင်စည်ကို ဆေးဝါးအနေနဲ့လည်း သုံးပါတယ်။ ခံတွင်းတွင် နှင်းခူနာများပေါက်ခြင်း (oral eczema)၊ ခံတွင်းထဲရှိ အနာခွက် ပြည်တည်နာ (mouth ulcer) နှင့် dry mouth ရောဂါများကို ကုသရာမှာ အစွမ်းထက်လှပါတယ်။
🌿၀မ်းကိုက်ရောဂါ၊ ၀မ်းဗိုက်နာကျင်ခြင်း တွေကိုလည်းကုသနိုင်ပြီး the antifungal ဂုဏ်သတ္တိလည်းရှိပါတယ်။
🌿 ယောင်္ကျားအားတိုးဆေး၊ ကာမ အားတိုးဆေး အနေဖြင့်လည်း ဖော်စပ်သုံးစွဲကြပါတယ်။
🌿လေနာရောဂါများ၊ နှလုံးရောဂါ တမျိုးကြောင့် ကိုယ်လက်လှုပ်ရှားသည့်အခါ ရင်ခေါင်းတွင် စူးအောင့်ခြင်း ဖြစ်ပါက စားသုံးပေးနိုင်သည်။ အစာ‌ကြေပြီး အစာအိမ်နှင့်ဆိုင်သောရောဂါများ အရေပြားဆိုင်ရာပြသနာများကိုလည်း သက်သာ ပျောက်ကင်းစေနိုင်သည်။
🌿အသုံးပြုပုံ
၁။ ဆိတ်ဖူးပင်ဥကို ထောင်း၊ အရည်ညှစ်ပြီး ထန်းလျက်အရက်နှင့်ဆတူဖျော် တနေ့ ၃ ကြိမ် သောက်ပေးပါက လေဖြတ်ဝေဒနာသည်များ သက်သာပျောက်ကင်းစေပါတယ်။
၂။ ဆိတ်ဖူး၊ မျှစ်နု၊ ပုစွန်ဘော့ချိတ်တို့ကို ရဲယိုရွက်ဖြင့် ထုပ်ပြီး ပေါင်းစားလို့ရပါတယ်။
၃။ ဆိတ်ဖူးကို ပုစွန်ခြောက်နှင့် ကြော်၊ ကျက်ခါနီး ဆန်မှုန့်ရေဖျော်ထည့်၊ ကျက်သွားအောင်ထပ်ကြော်ပြီး စားသုံးလျှင် အလွန်အရသာ ရှိပါတယ်။
၄။ ဆိတ်ဖူးကို မှိုနှင့်အတူ ချက်စားလျှင် အဆိပ်တောက် ပြေစေတယ်။
၅။ ဆိတ်ဖူးကို ရေစင်စင် ဆေးပြီး အစိမ်း တို့စရာအဖြစ် စားသုံးနိုင်သလို ဆိတ်ဖူးငါးပိထောင်းလည်း ထောင်းစားလို့ရပါတယ်။
၆။ ငါးကင်လေးနဲ့ ကြက်သွန်ဖြူ ငရုတ်ကောင်းခတ်ပြီး ဆိတ်ဖူးဟင်းခါးချက်သောက်ရင် အအေးမိ နှာစေး တုပ်ကွေးရောဂါကို နိုင်ပါတယ်။ ခုလိုမိုးရာသီစာပါ။
၇။ ဆိတ်ဖူးကို ရိတ်ရိတ်လှီး၊ ကြက်သွန်နီပါးပါး၊ ဆီချက်၊ မြေပဲထောင်း၊ နှမ်းလှော်ထည့် သံပရာရည်ညှစ်သုပ်စားရင် အင်မတန် ထမင်းမြိန်ပါတယ်။
Credit to original Uploader

image