ချစ်တာကို ကိုယ်သိပါတယ်။
ဒီအတိုင်းလေး အလိုမကျရုံပါ။
ကိုယ့်ကို အချိန်ပေးစေချင်တယ်။ ဂရုစိုက်စေချင်တယ်။
မင်းရဲ့တစ်ဘဝလုံးကို ကိုယ်နဲ့ပဲ သက်ဆိုင်စေချင်တယ်။
ကိုယ့်အကြောင်းတွေကို တွေးစေချင်တယ်။
ကိုယ့်နံဘေးမှာပဲ ရှိနေစေချင်တယ်။
စားရတဲ့ကလေး ပိုငတ်သတဲ့။
မင်းဆီက ရပြီးရင်းရနေတဲ့ မေတ္တာတွေကိုတောင်မှ
ကိုယ့်မှာ မတင်းတိမ်နိုင်တယ်။
လောဘကြီးစွာ ခပ်တင်းတင်းပါပဲ
ကိုယ်မင်းကို ချစ်ပါတယ်။
