ပြည်မြိုကိုဗဟိုပြု၍ အင်အား ၃ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်
ပဲခူးတိုင်း၊ ပြည်မြိုကိုဗဟိုပြု၍ ယနေ့ ဇွန် ၂၃ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
နံနက် ၆ နာရီ ၃၂ မိနစ် ၃၃ စက္ကန့်က ပြည်မြို၏ အရှေ့ဘက်(၉)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၈ ဒသမ ၈၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၃၄)ဒီဂရီ၊ အနက်(၁၇)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကို တောင်ငူမြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
