#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အရှေ့အလယ်ပိုင်း ဝေဟင်များကို လေကြောင်းလိုင်းများ ရှောင်ရှားနေရဆဲဖြစ်
အီရန် နျူကလီးယားအဆောက်အအုံများကို အမေရိကန် ပြည်ထောင်စုက တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ ဝေဟင်ပိုင်နက်တော်တော်များများကို ရှောင်ရှားပျံသန်းနေရကြောင်း လေကြောင်းခရီးစဉ်စောင့်ကြည့်ရေး ဝက်ဘ်ဆိုက်များ၏ အဆိုအရသိရ သည်။
အီရန် နျူကလီးယား အဆောက်အအုံများကို အမေရိကန် ပြည်ထောင်စုက တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများအနေဖြင့် အရှေ့အလယ်ပိုင်းဝေဟင်ပိုင်နက်များအား ဆက်လက်ရှောင်ရှားနေကြရဆဲဖြစ်ကြောင်း ဖလိုက်ရေဒါ-၂၄ ဝက်ဘ်ဆိုက်က ဇွန် ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် လေကြောင်းလိုင်းများအနေဖြင့် အီရန်၊ အီရတ်၊ ဆီးရီးယားနှင့် အစ္စရေးလေပိုင်နက်များ အသုံးပြုပျံသန်းမှုများကို ရပ်တန့်ထားကြောင်း သိရသည်။
အထက်ပါဝေဟင်ပိုင်နက်များ ကိုဖြတ်သန်းရမည့် လေကြောင်းလမ်းများအစား ကက်စပီယန်ပင်လယ်လေကြောင်းလမ်း၊ အီဂျစ်နှင့် ဆော်ဒီအာရေဗျ ဝေဟင်ပိုင်နက်များကို ဖြတ်သန်းရသော လေကြောင်းလမ်းများကို ရွေးချယ်အသုံးပြုနေကြကြောင်း သိရသည်။
နိုင်ငံတကာလေကြောင်းလိုင်းများသည် အီရန်နှင့် အစ္စရေးစစ်ပွဲ စတင်ခဲ့သော ဇွန် ၁၃ ရက်မှစ၍ အီရန်နှင့် အစ္စရေးလေပိုင်နက်များ အသုံးပြုမှုကိုစတင်ရပ်ဆိုင်းခဲ့သည်။ နောက်ပိုင်းတွင် စစ်ရေးအရှိန် ပြင်းထန်လာမှုကြောင့် လေကြောင်းလိုင်းများအနေဖြင့် ဆီးရီးယားနှင့် အီရတ်ဝေဟင်ပိုင်နက်များ အသုံးပြုပျံသန်းမှုများကိုလည်း ရပ်တန့်ခဲ့ရသည်။
ရိုက်တာ
