AI တွေရဲ့ လက်ရှိ အန္တရာယ်
မနေ့က နာမည်ကြီးတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာ ဖွင့်ပြခဲ့တဲ့ AI Animated Movie လေးတစ်ခုကို ကြည့်ပြီး အတွေးပေါက်သွားတာ တစ်ခုရှိတယ်။
အဲ့တာက မြန်မာနိုင်ငံမှာ 2D ရော 3D ရော Animated လုပ်ပေးတဲ့သူတွေ ဒီလောက်များတာ ဘာလို့များ AI ကို Generated လုပ်ခိုင်းရတာလည်းဆိုပြီး စဥ်းစားမိသွားတာပါ။
အနုပညာအသိုင်းအဝိုင်းက ဒီလောက်ကြီးတာ AI နဲ့ ချနေပြီဆိုတော့ တွေးကြည့်မိရသလောက်ဆိုရင် AI ကို မြန်မာ့ရုပ်ရှင်လောကမှာ ရှယ်သုံးလာမယ်ဆိုရင် Production ဖိုးတွေ၊ ဇာတ်ညွန်းဖိုးတွေ၊ ပညာရှင်တွေ အနာဂတ်မှာ ကြောင်ပျောက်တော့မယ် ကိန်းလို့တော့ မြင်မိပါတယ်။ ဒါကလည်း အတွေးတစ်ခုပါပဲ။
ဒါပေမယ့် တစ်ခုကောင်းတာက ဘယ်နေရာကကြည့်ကြည့် နိမ့်ကျနေတဲ့ မြန်မာ့ရုပ်ရှင်အနေနဲ့ AI ကိုသာ အကျိုးရှိတဲ့ နေရာမှာ အသုံးချရင်တော့ Si-Fi တို့ Action တို့လို ရုပ်ရှင်တွေ ကောင်းကောင်းတော့ထွက်လာမှာပါ။ ဒါပေမယ့် မကောင်းတဲ့ ဘက်ကကြည့်ရင် အနုပညာဆိုတဲ့ ခံစားချက်ကြီးတစ်ခု မပါလာတော့တဲ့ ဇာတ်ကားတွေဖြစ်လာမှာပေါ့။
မြန်မာ့ရုပ်ရှင်အနေနဲ့တော့မသိဘူး လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း Hollywood မှာ AI တွေကိုသုံးလာတဲ့ Studio တွေကို ဆန္ဒပြလာတာတွေတောင်ရှိနေပါတယ်။
နောက်ပြီး တနေ့ကတက်လာတဲ့ Video တစ်ခုမှာ ကလေးတွေရဲ့ မျက်နှာကိုသုံးပြီး အပြာကားတွေမှာ AI နဲ့ပြုပြင်ထားတဲ့ Video ပေါင်းများစွာရှိနေပြီဖြစ်တဲ့ အကြောင်း Podcast တစ်ခုမှာ ပြောထားတာတွေလည်းတွေ့လိုက်ရပါတယ်။
နောက်ပြီး နိုင်ငံတကား စစ်ရေး အခြေနေတွေကို AI တွေနဲ့ Video တွေဖန်တီးထားတာတွေ၊ ကိုယ်မကြိုက်တဲ့သူရှိရင် AI နဲ့ ဖော်ချွတ်လုပ်ပြီး Channel တွေမှာရောင်းစားတာတွေ၊ စသဖြင့်တော့ AI နဲ့ ပတ်သက်တဲ့ အန္တရာယ်တွေ နေ့တိုင်းလိုလို ကြားနေရတယ်ပေါ့။ ဒါမျိုးတွေက တော်တော်လေးကို ကြောက်ဖို့ကောင်းပါတယ်။
နောက်ပြီး တရုတ်က လက်ရှိလုပ်နေတဲ့ စက်ရုပ်တွေကိုကြည့်ပြီး terminator ထဲကလိုများ မကြာခင် ဖြစ်လာတော့မလားဆိုပြီး တွေးမိတာလေးလည်းရှိတာပေါ့။
ကောင်းတဲ့ ဘက်ကကြည့်ရင်တော့ AI က ဆေးဘက်ဆိုင်ရာတွေမှာ အားကိုးလို့ရတာတွေ၊ မသိတာတွေ မေးပြီး Assistant တစ်ယောက်လို ထားလို့ရတာတွေ၊ စသဖြင့် ကောင်းတဲ့ အရာတွေအများကြီးကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။
ဆိုတော့ AI က လက်ရှိမှာ နျူကလီးယားဗုံးတစ်ခုလိုဖြစ်နေပါတယ်။ ကောင်းတဲ့သူရဲ့လက်ထဲရောက်ရင် ကောင်းကောင်းသုံးမယ်၊ မကောင်းတဲ့သူရဲ့ လက်ထဲကို ရောက်ရင် မကောင်းတာတွေဖြစ်မယ်ပေါ့။
ဒါပေမယ့် မကြာခင် ကာလအတွင်းမှာတော့ AI ကြောင့် ရုပ်ရှင်ဇာတ်ကားကောင်းတွေ Studio အကြီးကြီးတွေနဲ့ အနုပညာရှင်တွေ ဆုံးရှုံးရမယ့်ကိန်းတစ်ခု ဆိုက်ရောက်လာမယ်လို့ မြင်မိပါတယ်။
အနုပညာဆိုတဲ့ လူတွေဖန်တီးတဲ့ အနုပညာတွေပျောက်ကွယ်သွားတော့မယ့် အချိန်ပေါ့။
