1 w - Translate

ရှေ့လတွေတုန်းက Federal Lawsuit နဲ့တွေ့အပြီးမှာ နောက်ထပ်တစ်ခါ Shareholder တွေက Apple ကို AI ကိစ္စနဲ့ပတ်သတ်ပြီး တရားစွဲကြပြန်ပါပြီ
ခေါင်းစဉ်ကတော့ fraud class action လို့ဆိုပါတယ် Shareholder တွေက Apple အနေနဲ့ WWDC 24 မှာ နည်းပညာမြင့် AI စနစ်တွေကို iPhone တွေပေါ်ပေါင်းထည့်ဖို့ ကြေငြာခဲ့တယ်
iPhone တွေမှာ ဒီ AI စနစ်တွေပေါင်းထည့်ရင် တကယ်ကြမ်းလာမယ့်သယောင် ပြောခဲ့တယ်ဆိုပါတယ် (WWDC24 က Apple Intelligence မိတ်ဆက်ပွဲပြန်ကြည့်ရင်လဲ တကယ်ပါပဲ)
သို့သော်လည်း iPhone 16 Series မိတ်ဆက်တဲ့အခါမှာတော့ Apple ကတိပေးထားတဲ့ AI စနစ်တွေပါမလာခဲ့ဖူးဆိုပါတယ်
2025 March 7 မှာတော့ Apple ဘက်ကနေပဲ ဒီလိုနည်းပညာမြင့် AI စနစ်တွေ ထည့်သွင်းဖို့နောက်ကျမယ့်အကြောင်း တရားဝင်ကြေငြာလာပါတယ်
ဆိုတော့ Apple ကတိပေးခဲ့တဲ့ အချက်တွေက လေထဲက အိမ်လေးလိုဖြစ်သွားပါတော့တယ်
ဒီလိုအချက်တွေကပဲ Apple ကို Shareholder တွေက တရားပြန်စွဲတဲ့အထိ ဖြစ်လာစေတာပါပဲ
Apple ဘက်က ပြောထားပုံအရဆိုရင် Personalize Siri စနစ်က 2026 လောက်အထိကို နောက်ကျမယ့် အနေအထားရှိနေတာပါ
ဆိုတော့ မိတ်ဆက်ပြီး ၂ နှစ်ကြာတာတောင်မှ Apple Intelligence စနစ်အကြမ်းစားကြီးက အစုံ သုံးမရဦးမယ့်ပုံမှာရှိနေပါတယ်

image