မရှိတာတွေအပေါ် အာရုံစိုက်နေသရွေ့ ဘယ်တော့မှ လုံလောက်ပြီလို့ ခံစားရမှာ မဟုတ်ဘူးတဲ့ ။ အများကြီး ရှိနေတာတောင်မှ စိတ်ထဲမှာ Empty Feeling ကလိုင်ပေါက် ဖြစ်နေတဲ့သူတွေ ရှိပါတယ် ။ တချို့ကျတော့လည်း ရလာတဲ့ အသေးအဖွဲလေးကအစ ကျေးဇူးတင် ဝမ်းမြောက်တတ်တဲ့အခါ သူ့မှာ လုံလောက်နေပြီ ပြည့်စုံကြွယ်ဝနေပြီလို့ ခံစားနေရတတ်ပါတယ် ။
ဘဝထဲမှာ လက်ခံရရှိပြီးသား အရာတွေအပေါ် ဘယ်လိုအမြင်မျိုး ရှိပါသလဲ ။ လုံလောက်တယ်လို့ ခံစားရပါသလား ။ ထပ်ဝယ်ရဦးမယ် ။ ထပ်လိုချင်သေးတယ် ။ ထပ်ဖြည့်ဆည်းရဦးမယ်လို့ ဖြစ်နေပါသေးလား ။ ထပ်ဝယ်ဖြည့်လိုက်တဲ့အခါမှာ ဘယ်လိုခံစားရပါသလဲ ။ ပြည့်စုံသွားပြီလို့ ခံစားရပါသလား ။
ခံစားရတယ်ဆိုရင် အဲဒီခံစားမှုဟာ ခဏတာ ခံစားရတဲ့ ရောင့်ရဲတင်းတိမ်မှုလား ။ ဘဝမှာ တကယ်ကို နှစ်နှစ်ကာကာ ပျော်ရွှင်ချင်တယ်...။ ပြည့်စုံ ချမ်းသာချင်တယ် ။ ငြိမ်းအေးချင်တယ်ဆိုတဲ့ Abundance Mentality ကို ရချင်တယ်ဆိုရင် Lack Mentality ကို ပြောင်းလဲယူရမှာ ဖြစ်ပါတယ် ။
#မွန်ဟော်စီ

image