1 w - Translate

ဆရာမနုနုရည်အင်းဝရဲ့ စာအုပ်ကို အခုမှ ပထမဆုံး စဖတ်ဖူးတာပါ။ ဆရာမရဲ့ ဘဝသရုပ်ဖော် ရေးဖွဲ့ ထားပုံက ဇာတ်ကောင်တစ်ကောင်၏ ဘဝကို မျက်လုံးထဲ ထင်သာမြင်သာ ရှိလှပေသည်။
မန္တလေး အငြိမ့်ခေတ်ကို ကိုယ်စားပြု ထားတဲ့ ဘဝသရုပ်ဖော်စာအုပ်လေး။ ထိုခေတ်က အငြိမ့်ဆရာ၊မင်းသမီး၊ လူရွှင်တော်၊ထမ်းဆင့် အစရှိသော ဘဝအဖုံဖုံကို ခံစားသိမြင်နိုင်ပါလိမ့်မယ်။
ဒီစာအုပ်လေးထဲမှာတော့ မိခင်နှင့်အတူ ပွဲစျေး လိုက်ရောင်းရတဲ့ ၁၄နှစ်အရွယ်ကောင်မလေး
“ခင်ပိုင်”။ အမေဖြစ်သူရဲ့ အဆွယ်တရားတွေကြောင့် ၁၄နှစ် အရွယ်နဲ့ ကျောင်းထွက်ပြီး ပန်တျာကျောင်းရောက်ခဲ့ရသူလေးပေါ့။
“ခေါင်းဆောင် မင်းသမီးက အသံမကောင်းရင်နေ၊ အကမကောင်းရင်နေ၊ ရုပ်ကလေးရှိရင် ပြီးရော” ဆိုတဲ့ စကားလေးတစ်ခွန်းကြောင့် ခေါင်းဆောင်မင်းသမီးဖြစ်ဖို့ အင်မတန်ရူးသွပ်ခဲ့သူလေး “ ခင်ပိုင်”။
ပန်တျာ ကျောင်းဆင်းတော့ “ခင်ပိုင်”တစ်ယောက် မန္တလေး မြို့ရဲ့ ထိပ်တန်း အငြိမ့်ဖြစ်တဲ့ မြမန္တလာ အငြိမ့်မှာ “ခင်သက်ပိုင် “ဆိုတဲ့ အမည်နာမနဲ့ ရှေ့ထွက်မင်းသမီးလေးဖြစ်ခဲ့တယ်။ ခေါင်းဆောင်မင်း သမီးလေး ဖြစ်ဖို့ အင်မတန်ရူးသွပ်တဲ့ ခင်ပိုင်တစ်ယောက် ဒီအငြိမ့်လောကမှာ ဘာတွေဆက်ဖြစ်မလဲ။ သူဘာတွေ ပေးဆပ်လိုက်ရမလဲ။ သူဖြစ်ချင်တဲ့ ခေါင်းဆောင်မင်းသမီး ရော ဖြစ်နိုင့်ပါ့မလား။
ကန်လန်ကာနောက်ကွယ်က အငြိမ့်ဆရာတစ်
ယောက်ရဲ့ အမြတ်ထုတ်မှုတွေ၊ အငြိမ့်ခွင်ပေါ်တွင် ကိုယ်နဲ့မတည့် ကိုယ့်ရန်သူဟု သတ်မှတ်ကာ ပညာပြတတ်ကြတဲ့ လူရွှင်တော်နဲ့ မင်းသမီး ကြားကအားပြိုင်မှုတွေ၊ အကွက်ကျကျ ယုတ်မာမှုတွေအောက်က အရှက်တကွဲဖြစ်ခဲ့ရတဲ့ ဘဝတွေ၊ အလိုက်အထိုက် ဆိုတဲ့ စကားနောက်ကွယ်မှ အချင်းချင်း ဘလပ်ကျမှုတွေ၊ မင်းသမီး ဆို ရရင်
စမ်းချင်ပြီး တာဝန်မယူချင်ကြသော လူမဆန်သောအမျိုးသားတို့၏ စရိုက်တွေ၊ လူရွှင်တော် တို့၏ အငိုမျက်လုံး အပြုံးမျက်နှာဖြင့် ရင်ထဲမချိအောင်ခံစားနေရသော်လည်း ပရိတ်သတ်အတွက် တာဝန်ကျေပုံတွေ…ကိုဖတ်ရှုရသည်မှာ ကျွန်တော့်စိတ်ထဲတွင် ဒေါသဖြစ်မှု၊ သနားကရုဏာသက်မှုတို့ဖြင့် စိတ်ခံစားမှု ရသမျိုးစုံကိုပေး
စွမ်းနိုင်ပေသည်။
ဒီလိုလူတွေထဲမှာမှ သမာသမတ် ကျကျဖြင့် အောင်ပင်လယ်အငြိမ့်ဆရာ ကိုသစ်ဦးလို အနုပညာကို အမှန်တကယ် မြတ်နိုးသူလဲ ရှိနေပါသေးရဲ့။
“အနုပညာသည် ဆိုတာ သိပ်မာန ကြီးရတယ်။ အငြိမ့်မင်း သမီးဆိုတာ အနုပညာသည် အပျက်မဟုတ်ဘူး”တဲ့။
အောင်ပင်လယ် အငြိမ့်ထဲရောက်သွားသော “ခင်ပိုင်”ရဲ့ ဘဝကလဲ ဘယ်လိုတွေဆက်ဖြစ်လာနိုင်လဲ…
ဗိုလ်ကေတစ်ထောင်မှာ တစ်ယောက်လောက်တော့။ စွဲကောင်းပါရဲ့…။
#နုနုရည် အင်းဝ
Book review-နိုကိုဇူး

image