မေတ္တာဓာတ်ရဲ့အေးမြတဲ့အရသာကို
ရန်သူလည်းကြိုက်၊
မိတ်ဆွေလည်းကြိုက်၊
မိမိကိုယ်တိုင်လည်း နှစ်ခြိုက်တယ်လို့
ဆိုပါတယ်။
ရန်သူဆိုတာ... ဒေါသချင်း ဘက်ပြိုင်ရာက
ဖြစ်ပေါ်လာတာ
မာနမီး ဒေါသမီးတွေကို... မေတ္တာရေနှင့်
ငြိမ်းသတ်လို့
ရန်ကြွေးကင်းတဲ့ဘဝရောက်ပါစေ။
မိတ်ဆွေဆိုတာ...
အကြိုက်ချင်းသဘောတူရာက ဖြစ်လာတာ။
ပြီးတော့... ကျေးဇူးခံ၊ကျေးဇူးစား
အဖြစ်နေလာရာကလည်း
မိတ်ဖြစ်လာတက်ကြရဲ့
မိတ်ရဲ့ တရားကိုယ်ဟာ
တဏှာပေမ၊ ခ်စ်သူ၏ ချစ်တုံ့ကို
လိုလားစောင့်မျှော်နေတက်လို့...
ကာမရာဂသံယောဇဉ်လို့
ခေါ်ပါသေးတယ်။
အပြန်အလှန် အကြိုက်ပေး
ဖျက်စီးတက်တဲ့ မိတ်သဘာဝကြား
ဖြစ်ပေါ်နေတဲ့ ကာမမီး၊ရာဂမီးတို့လည်း
မေတ္တာရေစင်နဲ့ ငြိမ်းအေးစေတက်တယ်။
အချစ်နဲ့မြူ ၍ ရန်မချူ လိုပြီ
( ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး )
