စိတ်ကောင်းထားလိုက် အားလုံးအဆင်ပြေမယ် ဆိုတာ ဘယ်လောက်ထိ မှန်ပါသလဲ ?
နေ့စဉ်ဘ၀မှာ "Good vibes only" ဆောင်ပုဒ်များကနေ
တဆင့် အရာရာကို အကောင်းဘက်ကနေပဲ မြင်ဖို့ ဖိအားပေးခံနေရပါတယ် ။ ဒါကြောင့် အခက်ခဲဆုံး အခြေအနေတွေ ကြုံတွေ့ရချိန်မှာတောင် စစ်မှန်တဲ့ ခံစားချက်တွေ ဖော်ထုတ်ဖို့ နေရာမရှိသလို ဖြစ်နေပါတယ် ။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာကို သိချင်သူတွေနဲ့ အခြားသူတွေကို ကူညီထောက်ပံ့ပေးချင်သူတွေအတွက် ဒီစာအုပ်လေးကို ရည်ရွယ်ထုတ်ဝေထားပါတယ် ။
ဒီစာအုပ်ဟာ အလုပ်မှာ၊ အိမ်မှာ၊ သူငယ်ချင်းတွေကြားမှာနဲ့ Social Madia ပေါ်မှာ ပျော်ချင်ယောင်ဟန်ဆောင်နေရတာကို ပင်ပန်းနေတဲ့သူတွေအတွက်လည်း ရည်ရွယ်ထားပါတယ်။ "စိတ်ကောင်းထားရင် ကံကောင်းမယ်" ဆိုတာနဲ့ "အရာရာဟာ သူ့အကြောင်းနဲ့သူဖြစ်လာမယ်" ဆိုတာတွေကို မကြားချင်တော့တဲ့သူတွေအတွက်ပါ။ ဒီစာအုပ်ကို ခံစားချက်ပေါင်းများစွာနဲ့ အတွေးပေါင်းများစွာ ပြည့်နှက်နေသူတွေအတွက် ရေးသားထားပါတယ်။
ဒီ အကောင်းမြင်ဝါဒသာ အဖြေမှန်ဆိုရင် ဘာကြောင့်များ ကမ္ဘာတဝှမ်းက လူအများစု စိတ်ဓာတ်ကျနေကြပြီး စိတ်ဖိစီးမှုဒဏ်တွေကို ခံစားနေကြရတာလဲ..?
အဖြေရှာကြည့်ကြရအောင်လား...။
#အကောင်းမြင်ဝါဒရဲ့ဘေးအန္တရာယ်
#ဉာဏ်သာထင်လင်း

image