စိတ်ထိခိုက်မှု အလွန်အကျွံ မဖြစ်အောင်နေနည်း
အလွန်အကျွံ မျှော်လင့်ထားရင်
အလွန်အကျွံ စိတ်ထိခိုက်ရမယ် ။
ဒါ့ကြောင့် မျှော်လင့်ထားတာတွေကို
သိပ်ပြီး မမျှော်လင့်ပါနဲ့ ။
မမျှော်လင့်ထားမိတာတွေကို
ကြိုတင် မျှော်လင့်ထားပါ ။
ဘာလို့လဲဆိုတော့ …
လောကမှာ မျှော်လင့်ထားတာတွေ ဖြစ်လာတာရှိသလို
မဖြစ်လာတာတွေလည်း ရှိပါတယ် ။
မမျှော်လင့်ထားမိတဲ့အရာတွေကလည်း
မထင်ရင် မထင်သလို ဖြစ်လာကြတတ်သေးလို့ပါ ။
မျှော်လင့်ချက်ဟာ လူကို ရှင်သန်စေသလို
သေလည်း သေစေနိုင်ပါတယ် ။
မျှော်လင့်ခြင်းကို ကောင်းစွာ စီမံခန့်ခွဲပါ ။
ကြုံလာသမျှ ကောင်းဆိုးလောကဓံကို
ကြံ့ကြံ့ခံနိုင်အောင် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားပါ ။
#ဖူးကျော်ဇင် (Future Wave)
#စိတ်သစ်လူသစ်ခွန်အားသစ်

image