#မဆလာဝက်အာလူး

***... မဆလာ ဝက်အာလူး ချက်ရန် လိုအပ်တာလေးတွေ…
1. သုံးထပ်သား (သို့) အဆီ အသား မျှသော ဝက် – ၁ ကီလို (၆၅ ကျပ်သား) ခန့်
2. ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
3. chicken powder – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
4. ဆီ – 3/4 cup (180 ml)
5. ပါးပါးသေးသေး လှီးထားသော ကြက်သွန်နီ – 3 cups (750 ml) ခန့်
6. ပါးပါးသေးသေး လှီးထားသော (သို့) ထောင်းထားသာ ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
7. ပါးပါးသေးသေး လှီးထားသော (သို့) ထောင်းထားသော ဂျင်း – ထမင်းစားဇွန်း တစ်ဝက်ခန့်
8. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
9. အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
10. ရေဆေး အခွံခွါပြီးနောက် အသားနူးချိန် အရမ်းမပျော်သွားစေရန် အတုံး ကြီးကြီးလှီးထားသော အာလူး – 2 cups (500 ml) ခန့်
11. မဆလာ – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
12. ရေနွေး – 3 cups (750 ml) ခန့်
13. ပျဉ်းတော်သိမ်ရွက် (curry leave) – ၁၅ ရွက်ခန့်
ဝက်သားကို ဆား၊ chicken powder တို့ဖြင့် နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။
ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ဂျင်းကို high heat ဖြင့် ဆီသတ် (မွှေကြော်) ပေးပါ။
ကြက်သွန်များ ရွှေဝါညိုနုရောင်ပြောင်းလျှင် medium heat သို့လျှော့ပြီး နနွင်းမှုန့် နှင့် အရောင်တင်မှုန့်ထည့်ကာ ၃-၄ ချက်မွှေကြော်ပေးပါ။
ပြီးနောက် အားလူးထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။
နှပ်ထားသော ဝက်သားနှင့် မဆလာထည့်ကာ အသားထဲမှ အရည်များကုန်အောင် မွှေကြော်ပေးပါ။
ရေနွေး ၃ ပုံ ၂ ပုံခန့် ထည့်ကာ အိုးအဖုံး ဖုံး၍ medium heat ဖြင့် ၂၅ မိနစ်ခန့် တည်ပါ။ (ထိုအချိန်အတောအတွင်း အိုးမကပ်စေရန် အပေါ်အောက်လှန်ပြီးမွှေပေးပါ။)
အသား နှင့် အာလူး မနူးသေးပါက ကျန်သည့် ရေနွေး ထပ်ထည့်၍ ဆက်ပြီးတည်ထားပါ။
အသား နှင့် အရည်အနေအထား မိမိစိတ်ကြိုက်ဖြစ်လျှင် ပျဉ်းတော်သိမ်ရွက်ထည့်ကာ ၃-၄ ချက်ခန့်မွှေပြီးနောက် မွှေးကြိုင် နူးအိစားကောင်းလှသော မဆလာ ဝက်အာလူးလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
